114 24 2
(Zawgyi)
         ဒီနေ့တွင်ပြည့်လျံမြို့တစ်မြို့လုံး အုန်းအုန်းကျွတ်ကျွတ်နှင့်ပွဲတော်ကြီးတစ်ခုကျင်းပသလိုမြောက်များစွာသောလူများက မြို့လယ်ခေါင်လမ်းပေါ်တွင်ရွစိရွစိ ပျားပန်းခတ်သွားလာနေကြသည်။ထိုသို့ဖြစ်ရခြင်းက တစ်ခြားကြောင့်မဟုတ် ဒီနေ့က အိမ်ရှေ့စံမင်းသားလေးလင်းရိဟွေ့ရဲ့ကြင်ယာတော်လောင်းရွေးချယ်တဲ့နေ့ဖြစ်နေသောကြောင့်ပင်။
ပြည့်လျံဘုရင်မင်းမြတ်သည် ဖြောင့်မတ်ကာ ကောင်းမြတ်သောအကျိုးကိုသာလိုလားသူဖြစ်သည်။တိုင်းပြည်တွင်းရှိ မြို့သူမြို့သားအကုန်လုံးကို သာတူညီမျှဆက်ဆံတတ်၍ တန်းတူအခွင့်အရေးပေးသည်။ထိုကြောင့်လဲတိုင်းပြည်သားအကုန်လုံးက ဘုရင်မင်းမြတ်အားလွန်စွာမှလေးစားချစ်ခင်ကြလေသည်။ဘုရင်မင်းမြတ်၏ ဂရုဏာတော်ကြောင့် ဒီနေ့သည်မည်သူမဆိုမိဖုရားဖြစ်ခွင့်ရှိသည့်နေ့ပင်ဖြစ်သည်။ထို့ကြောင့်အမျိုးမျိုးသောမျိုးရိုးမြင့်အိမ်တော်များမှစကာ လူလတ်တန်းစားလူကုံထံသူဌေးမိသားစုများရဲ့ သမီးများပါမကျန် သာမာန်လက်လုပ်လက်စားမိသားစုများရဲ့သမီးကညာများအထိ ရွေးချယ်တင်မြှောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားသည်။
လှပသောမိန်းမပျိုလေးများသည် အဖိုးထိုက်တန်သောအဆင်တန်ဆာအမျိုးမျိုးကိုမိမိတို့အဆင့်အတန်းနှင့်အညီ ရွေးချယ်ဝတ်ဆင်ထားကြကာ နန်းတော်ထဲသို့ ဝင်ရန်အချိန်မကျသေး၍ နေအိမ်ရှေ့၌သာ မိဘများနှင့်အတူစောင့်ကာ တီးတိုးပြောဆိုရွှင်မြူးနေကြလေသည်။ထိုသည်ကပင်လျှင် နွေဦးနံနက်ခင်းရဲ့အလှကိုပိုပြည့်စုံစေသည်။လှပသောတေးသီငှက်မလေးများက မိမိတို့အဖော်တေးသီငှက်များကိုစောင့်စားနေသလိုမျိုး၊နွေဦးရာသီကိုစောင့်နေကြသည့် မက်မွန်ပန်းလေးများလို နွေဦးချိန်ခါရောက်သောကြောင့် အစွမ်းကုန်ငွားစွင့်ပွင့်လန်းလာကြသလိုမျိုး ရှက်သွေးဖြာကာ အလှသွေးကြွယ်နေကြလေသည်။
ထိုကဲ့သို့ရှက်သွေးဖြာနေကြသော မိန်းမပျိုလေးများကိုရှု့စားရန် လူပျိုယောကျာ်းသားများကလဲ ခန့်ခန့်ညားညားဝတ်စားဆင်ယဉ်ကာ ထိုမိန်းမပျိုများရှေ့လမ်းသလားနေကြလေသည်။အကြောင်းမှာ ကြင်ယာတော်လောင်းက တစ်ယောက်ပဲရွေးခံရမည်ဖြစ်သောကြောင့် ထိုသို့များပြားလှသည့်မိန်းကလေးများထဲမှတစ်ယောက်အား မိမိတို့ကြိုက်နှစ်သက်လျှင် ထိုမိန်းမပျိုရဲ့မိဘများထံသို့နောက်နေ့တွင်သွားရောက်တောင်းရမ်းလက်ထပ်ယူနိုင်လေသည်။ဒီနေ့တစ်နေ့ထဲသာလျှင် လှပသောမိန်းမပျိုများအား တစ်စုတစ်စည်းထဲတစ်ခါထဲတွေ့နိုင်သည့်အခွင့်အရေးရှိ၏။ဒါကြောင့် အားလုံးသောလူပျိုယောကျာ်းသားတို့သည် ထိုအကြံအစည်ဖြင့် ဟန်ရေးတပြပြ သွေးတကြွကြွလုပ်ကာ လှည့်ပတ်ကြလေသည်။
Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)Where stories live. Discover now