93 20 0
Zawgyi
   မြို့ရဲ့အစွန်ဘက်ဖျားမှာရှိတဲ့ ကမ္ဘာမြေပေါ်ကသက်တန့်ကလေးများဆိုတဲ့ မိဘမဲ့ကျောင်းကလေးတစ်ကျောင်း။ထိုကျောင်းလေးက မြို့စွန်မှာရှိပြီး ခပ်သေးသေးလို့ဆိုရပေမဲ့ တော်တော်လေး ထဲထဲဝင်ဝင်ရှိတဲ့အာဏာရှိ လူတန်းစားကနေ ထိုကျောင်းလေးကိုအထူးထောက်ပံ့နေခဲ့တဲ့လူတစ်ယောက်ရှိလေတယ်။
    တခြားလူမဟုတ် တစ်ချိန်က ဒီကျောင်းကနေထွက်သွားတဲ့မိဘမဲ့ ကလေးတစ်ယောက်ဖြစ်သည်။အတိအကျဆို မိန်းကလေးတစ်ယောက်ဖြစ်တဲ့ သူမဟာအခုဆိုရင် ဝန်ကြီးကတော်တစ်ယောက်ဖြစ်နေသည့်အထိအဘက်ဘက်ကတော်ကာထူးချွန်လာတဲ့အမျိုးသမီးဖြစ်လာခဲ့သည်။ထိုအမျိုးသမီးကပဲ ဒီကျောင်းလေးရဲ့ အဓိကထောက်ပံ့သူတစ်ဦးဖြစ်နေတာပေါ့။ဖြစ်ချင်တော့ ဒီနေ့က ထိုအမျိုးသမီးရဲ့ မွေးနေ့မို့ ဒီမိဘမဲ့ကျောင်းကိုသက်သက်အစီအစဉ်ဖြင့်လာရောက်လှူဒါန်းဦးမည့်အပြင် လစဉ်ထောက်ပံ့ငွေအတွက်လဲအချိန်ကြလာပြီမို့ တစ်ခါထဲပေးအပ်သွားလေဖို့အစီိအစဉ်ရှိတဲ့နေ့ဖြစ်တယ်။ပြောရရင် ပွဲနှစ်ခုလုံးတစ်ပြိုင်ထဲကျင်းပမည့်နေ့။ဒါကြောင့်ကျောင်းအုပ်ကြီးက ကျောင်းရဲ့ဆရာဆရာမတွေကိုလွန်ခဲ့တဲ့နေ့ထဲက ကိစ္စအဝဝကိုစီစဉ်စရာရှိသည်များစီစဉ်ထားရန်ကို ခေါ်ပြောအသိပေးခဲ့လေတယ်။
တစ်ကျောင်းလုံးမှာရှိတဲ့ ဆရာဆရာမတွေကအခမ်းအနားပြင်ရန်ဆင်ရန်အတွက်အလုပ်ရှုပ်နေကြလေတယ်။ကလေးလေးများကဒီနေ့ သင်ကြားချိန်မရှိတာရယ် တခြားလေ့လာစရာအချိန်လေးတွေရယ်မရှိတာကြောင့် အားလုံးက လွတ်လပ်ရေးရသလို ဟိုဟိုဒီဒီပြေးလွှားကာ ဆော့ကစားနေကြပြီး ဘာဆိုဘာမှသိမည့်ပုံမရ။ကလေးထိန်းဆရာဆရာမများကလဲ ပြန်လှည့်မကြည့်အားတဲ့အခြေအနေ။မကြာခင် ဝန်ကြီနဲ့ဝန်ကြီးကတော်ရောက်လာရန်အချိန်နီးကပ်နေပြီဖြစ်သောကြောင့် စောနကထက်ပိုပြီးရှုပ်ရှပ်ခတ်နေသည်။ဒီကြားထဲအမိန့်ပေးတတ်လွန်းသောသောကျောင်းအုပ်ဆရာကြီးကလဲ မျက်မှန်ကြီးတဝင့်ဝင့်ဖြင့် ဟိုလူ့အမိန့်ပေးလိုက်ဒီလူအမိန့်ပေးလိုက်နှင့် ကိုယ်တိုင်ကိုယ်ကျဘာမှဝင်လုပ်ခြင်းမရှိပဲဟန်ပြကာနေလေသည်။မီဒီယာသမားတချို့ကလဲကြိုရောက်နှင့်ကာ သတင်းယူနေပြီဖြစ်သောကြောင့်ပဲတမင်လုပ်ပြနေတာလားတော့ မသိပေမဲ့ လုပ်ကွက်အပြခံရတဲ့ဆရာဆရာမများကတော့ သေးသေးလေးတောင်ကျေနပ်သည့်ပုံမရချေ ကျောင်းအုပ်မို့လို့သာတဆိတ်သည်းခံကာနေကြရခြင်းဖြစ်သည်။
Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)Où les histoires vivent. Découvrez maintenant