Zawgyi
ရိဟွေ့ ဒီနေ့အရမ်းတက်ကြွနေလျှက်ရှိသည်။အကြောင်းမှာက ဖခမည်းတော် မင်းကြီးရဲ့ အလှည့်ကျလာသော အပျော်တမ်းမြင်းစီးရင်း အမဲလိုက်ထွက်မည့်နေ့ဖြစ်သောကြောင့်ပင်။ဒါက နန်းတွင်းထဲမှာမင်းမိဖုရားနဲ့ သားတော်သမီးတော်တို့ရဲ့ လုပ်နေကြ ထုံးစံမို့လို့ သူ့အတွက်က ဒီလိုအမဲလိုက်ပွဲမျိုးဆို အချိန်အခါမရွေးကြိုက်နှစ်သက်ပြီးသားသာလျှင်။ခမည်းတော်နှင့်အတူယှဉ်ပြီးအမဲပြိုင်ပစ်ရတာလောက် ပျော်စရာကောင်းသည့် အရာမျိုးမရှိ။ဒါကြောင့် မနက်အစောထဲက စိတ်ကရွှင်မြူးနေသည်။
"မင်းသားနိုးပြီလား...?"
လုဝေကအဆောင်တော်ထဲဝင်လာရင်းနဲ့ရိဟွေ့ကိုနှုတ်ဆက်လိုက်လေသည်။ဝတ်ရုံတော်လဲဝတ်နေသည့် ရိဟွေ့တချက်လှည့်ကြည့်လိုက်ပြီး"ဒီနေ့ကငါ့ရဲ့ အကြိုက်ဆုံးနေ့တစ်နေ့ပဲလေ ငါနောက်ကျလို့ဘယ်ဖြစ်မလဲ"
"ဟုတ်တာပေါ့ မင်းသား"
လုဝေကထိုသို့ပြောရင်း ဘေးကမင်းသားကိုဝတ်ရုံဝတ်ပေးနေသည့် နန်းတွင်းသူနှစ်ယောက်ကိုဖယ်ရန်လက်ပြလိုက်သောကြောင့် နှစ်ယောက်ကထွက်သွားလေသည်။အဲ့အစားသူက ဝင်ကာ မင်းသားကိုဝတ်ရုံကူဝတ်ပေးလေတော့သည်။ခါးစည်းနဲ့ရင်ကာကို ခတ်ကြပ်ကြပ်ဝတ်ဖို့လိုတာကြောင့်
"အနှောင့်အယှက်မဖြစ်ရင်"
မင်းသားကလက်ကိုဆန့်တန်းထားရင်းပြုံးကာ
"မင်းရောက်လာရင်လုပ်ပေးနေကြပဲကို ငါကအနှောင့်အယှက်ဖြစ်မလား၊တကယ်ပဲ ငါ့အကြိုက်ကိုသိတာမင်းပဲရှိတယ်"
အနက်ရောင်ပေါ်မှာ အနားသတ်ငွေရောင်လိုင်းတွေပါနေသည့်ဝတ်ရုံနဲ့မင်းသားသည် ရဲ့ရင့်လတ်ဆတ်သောအသွင်ဖြင့် ဆံပင်ကိုခပ်မြင့်မြင့်ထုံးဖွဲ့ပြီးအဆုံးမှာတော့ ခါးတွင် ကျောက်ဆွဲပြားလေးချိတ်ဖို့သာလိုတော့သည်။ရိဟွေ့ ကြိုက်နှစ်သက်တဲ့အရာတွေထဲမှာ ကျောက်ဆွဲပြားများကို တစ်ခုပြီးတစ်ခုပြောင်းဝတ်ရတာကိုအလွန်ပင်ပင်နှစ်ခြိုက်သဘောကျသောကြောင့် သူ့တွင်အရွယ်အစားအမျိုးမျိုးနှင်တန်ဖိုးကြီးကာအချိုးစားနားလှပလွန်သည့် ကျောက်ဆွဲပြားများဟာ မရေမတွက်နိုင်အောင်ရှိလေသည်။လုဝေက စားပွဲပေါ်တွင်စီရီကာတင်ထားသည့် ဆွဲပြားအထဲကမှ မဟူရာကျောက်ဆွဲပြားကိုလှမ်းယူကာချိတ်ဟန်ပြင်လိုက်လေသောအခါ မင်းသားက
YOU ARE READING
Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)
Historical FictionZawgyi အကြောင်းတစ်ခုကြောင့် လက်ရှိနေရာကနေ တစ်ခြားနေရာတစ်ခုကို ရောက်ရှိလာသော မင်းသားတစ်ပါးနှင့် သူ့၏နောက်လိုက်များ....။ ထို့အတူ အချိန်အကန့်အသတ်နဲ့ ပါလာသော ကျိန်စာတစ်ခု.....။ ချစ်ရသူအတွက်ရှာဖွေရမည့်အမှန်တရားတစ်ခု....။ Unic...