ခိုးဝင်လာသောသူ/ခိုးဝင်လာသောသူ

53 14 0
                                    

တခြားမဟုတ် ပြန်လည်လင်းကျင်းလာသော စင်မြင့်လေးရဲ့အထက်တွင် ပုဝါဖြူလေးအား မျက်နှာထက်တွင်အပြည့်ဖုံးအုပ်ထားကာ ဖြူလွသောပုံရိပ်လေးနွဲ့နှောင်းစွာရပ်နေသောကြောင့်တည်း။တဖျပ်ဖျပ်တိုက်နေသော လေနုအေးခပ်လှပ်လှပ်လေးကြောင့် တစ်စစလွင့်ပါးနေသည် နှင်းလွှာရောင်ဝတ်ရုံဖြူနှင့်ကြင်ယာတော်ဟာ ပြိုလဲယိမ်းယိုင်နေသည့် တိုင်သည် မြဲမြံအောင်တုတ်ချည်ခံထားခြင်းကြောင့် လေထုအလယ်တွင်ရပ်တန့်နေသလို့ သူမ၏ ဟန်သည် မြင့်သွယ်ဖြောင့်စင်းကာ နွဲ့နှောင်းငြင်သာမှု့အပြည့်ရှိနေလေသည်။

စင်ပေါ်တွင် ဗုံကိုးလုံးအား ပတ်ပတ်လည်ဝန်းရံကာချထားသည်။ကြင်ယာတော်က စင်မြင့်အလယ်တွင်ရပ်နေသည်ဖြစ်ရာ ဗုံကိုးလုံးက သူမအားပတ်ရံကားချထားသဖွယ်ဖြစ်နေသည်။ကြင်ယာတော်ရဲ့ လက်နှစ်ဖက်တွင်ရှည်လျားလှပသော ပိုးထည်ရှည်ကို မြဲမြံစွာဆုပ်ကိုင်ထားသည်။ထိုးပိုးထည်စ၏အောက်ဖျားတွင်တော့ ချစ်စရာလှပသည့် ခြူလုံးငယ်လေးများရှိနေလေသည်။

ရိဟွေ့အခုမှသတိထားမိသည်က ကြင်ယာတော်သည် ထင်ထားတာထက်အရပ်ကိုပိုရှည်နေလေသည်။သွယ်သွယ်နှောင်းနှောင်း ပိုးဖြူလေးကဲ့သို့မဟုတ် မြင့်မြင့်မားမာ မိန်းကလေးတစ်ယောက်၏ဟန်ပိုပေါက်သည်။မရည်ရွယ်ပဲအမတ်ချင်းတို့ဘက်ကိုလှည့်ကြည့်မိလိုက်သည်။အမတ်ချင်းရဲ့သားဖြစ်သူ ချင်းလီရှောင်းကသေရည်ကိုသာမဲသောက်နေသည်အားတွေ့လိုက်ရ၏။လီရှောင်းနှင့်သူသည်အခုထိစကားမပြောဖူးပါ။ကြင်ယာတော်နန်းတော်ထဲစရောက်ကထဲက ဒီတစ်ခါနဲ့ဆို နှစ်ခါလောက်ပဲတွေ့မြင်ဖူးသည်။နှစ်ခါစလုံးမှာ အိမ်ရှေ့စံနှင့်အမတ်တစ်ယောက်ရဲ့သားတွေ့ရပုံအတိုင်းခပ်ရိုးရိုးသာလျှင်ဆိုတော့နှစ်ယောက်လုံးအထွေအထူးစကားဟဟတောင်မပြောမိ။ကြင်ယာတော်ရဲ့မောင်ဖြစ်နေသည့်အတွက် သပ်သပ်ခေါ်တွေ့ပြီးရင်းနှီးအောင်နေမှပဲ။ညီအစ်ကိုသူငယ်ချင်းရင်းနှီးတဲ့ဆက်ဆံရေးမျိုးတည်ဆောက်ထားတာ သူ့အတွက်အကျိုးမယုတ်တန်နိုင်ပါဘူး။

"တုံ...တုံ...တုံ"

ဗုံသံကြောင့် ရိဟွေ့ကပွဲစင်ငယ်လေးကိုပဲအာရုံပြန်စိုက်လိုက်သည်။ယခုထိကြင်ယာတော်ဟာ ထိုအတိုင်းရပ်တန့်နေဆဲ။

Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)Where stories live. Discover now