သခင့်အရိပ်အကဲသိသည့်ကျီးကျင့်က ချက်ချင်းပင်
"သခင်လေးကမလိုက်တော့ဘူးလား"ဟုမေးလိုက်လေသည်။
"ဒီကကိစ္စတွေပြီးမှနောက်ကလိုက်လာခဲ့မယ်သွားနှင့်ဟိုမှာအဆင်ပြေအောင်လုပ်ထားနှင့်လိုက်"
ပြောပြီးသည်နှင့်လီရှောင်းကထွက်သွားလေသည်။
"သခင်......"
စကားတောင်ဆက်မပြောလိုက်ရ။ကျန်ခဲ့တဲ့ကြာစွယ်ကမတွေ့တော့ရင် ထပ်ဝယ်လို့ရမလားလို့မေးမလို့။အခုတော့သူပြောတာတောင်ပြီးအောင်မစောင့်ပဲထွက်သွားလေပြီ။ငွေစအနည်းငယ်လောက်ကျန်ရင်ပဲဖြစ်သည်။ပထမဝယ်တုန်းကလဲငွေစနည်းနည်းကျန်နေသေးတော့ ပေါင်းရင်လောက်နိုင်တယ်။ထပ်ပြီးတုံ့ဆိုင်းနေလို့မဖြစ်တော့။တော်ကြာဘာတစ်ခုမှမရလိုက်ပဲနေအုံးမယ်။ထိုကြောင့်ခပ်မြန်မြန်လေးမြို့တွင်းဈေးသို့နောက်တစ်ကြိမ်ထပ်ပြေးသွားလိုက်ပါလေသည်။လီရှောင်းဧည့်ဆောင်ထဲလှမ်းဝင်လိုက်တော့ အဆောင်ထဲမှာလူတောင်တော်တော်စုံနေကြလေပြီ။ထူးထူးဆန်းဆန်း အစ်မဖြစ်သူချင်းမိုင်းမိုင်းပါရောက်နေလေသည်။နန်းတော်ကမင်းမှု့ထမ်းတွေရောက်နေကြတာပါတွေ့လိုက်ရလေသည်။ခေါင်းဆောင်လာသူက လီရှောင်းနဲ့သိသည့်ပြန်တမ်းအမတ်ကြီး ပေါင်တလိန်ဖြစ်နေလေသည်။သူက သူ့ဖခင်နှင့်မျက်စောင်းထိုးတွင်ထိုင်နေတာကိုတွေ့ရပြီ ကျန်ငယ်သားသုံးယောက်ကဘေးနားတွင်တန်းစီမတ်တပ်ရပ်နေလေသည်။လီရှောင်းရောက်လာသည်ကိုမြင်သည်နှင့်ဖခင်ဖြစ်သူအမတ်ကြီးချင်းက သူ့ဘေးတွေလာထိုင်ရန်အချက်ပြသဖြင့် လီရှောင်ကတုံ့ဆိုင်းမနေပဲခပ်သွက်သွက်ဝင်ထိုင်ကာ အခြေအနေကိုအကဲခတ်နေလိုက်ပါသည်။အတော်အရေးကြီးကိစ္စဖြစ်မည့်ပုံပင်။နန်းတော်ကမင်းမှု့ထမ်းတွေက အကြောင်းကြီးငယ်ကိစ္စမရှိပဲ ဝင်ထွက်လေ့မရှိ။သူ့အစ်မကိုကြည့်လိုက်တော့အေးအေးလူလူထိုင်နေကာဘယ်သူ့ကိုမှစိတ်မဝင်စား။အားလုံးလူစုံသည်ဟုယူဆရသည်နှင့် အမတ်ချင်းသည်
"ကျွန်တော်အိမ်တော်မှာ ရှိတဲ့မိသားဟုဝင်တွေကဒါအကုန်ပါပဲပြန်တမ်းအမတ်ကြီး"
"ဪဪဪ...ဒီဘက်က ရောက်လာတဲ့သူက"
"ကျွန်တော်ရဲ့သား လီရှောင်းပါ"
ထိုပြန်တမ်းအမတ်ဆိုသူက တစ်ခုခုကိုစဉ်းစားဟန်နှင့်လီရှောင်းအားစိုက်ကြည့်ပြီးမှ အသာယာခေါင်းညိတ်နှုတ်ဆက်ပြလေသည်။လီရှောင်းမဆိုင်းမတွပင် ပြန်လည်၍ ခေါင်းညိတ်နှုတ်ဆက်လိုက်ပါသည်။
တစ်ဆက်ထဲချင်းမိုင်းမိုင်းဘက်လှည့်ကာနှုတ်ဆက်ဖို့ပြင်လိုက်တော့ ချင်းမိုင်းမိုင်းရဲ့အမူအရာက ဘာကိုမှစိတ်မဝင်စားသည့်ဟန်နှင့် လက်ဖက်ရည်ကြမ်းကိုသာ သဲမဲပြီးအေးသွားအောင်မှုတ်နေလေသည်။သူမကဒီလိုမျိုးတွေစိတ်မဝင်စားသလို အိပ်ဆောင်ထဲကတောင်ထွက်သည့်သူမဟုတ်။အခုကိစ္စကတော်တော်လေးအရေးကြီးမည့်ပုံပေါက်လို့မတတ်သာပဲထွက်လာရခြင်းမျိုး။အစ်မဖြစ်သူအကြောင်းသိနေသည့်လီရှောင်က ပြန်တမ်းအရာရှိကြီးအား စိတ်ထဲတောင်အားနာမိသွားလေသည်။အရာရှိကြီးသည် အားလုံးကိုတစ်ချက်မျှကြည့်ပြီး မတ်တပ်ရပ်ကာအနောက်ကငယ်သားတွေထံပေလိပ်ကိုလှမ်းတောင်းလိုက်လေသည်။အားလုံးရှေ့တွင်ပေလိပ်အားဖြန့်ကာ အောင်မြင်သောအသံဖြင့် ကျယ်လောင်စွာဖတ်ပြလေတော့သည်။
"ဘုရင့်အမိန်တော်....!!!!"
လီရှောင်းတို့အကုန်လုံးကြမ်းပြင်ပေါ်တွင်ဒူးထောက်ကာ အမိန့်အား လက်ခံနာယူကြလေသည်။
"ငါကိုယ်တော်မြတ်၏ လက်ရုံးလိုအားကိုးရသော အမတ်ကြီးချင်းလီစုန့်နှင့် ကိုယ်တော်၏ ဆက်ဆံရေးအားရေရှည်တည်တံ့ကာ ခိုင်မြဲစေရန်အလို့ငှာအလိုရှိတော်မူ၍ အမတ်ကြီးရဲ့သမီးဖြစ်သူ ချင်းမိုင်းမိုင်းအား ကိုယ်တော်၏သားတော် ဖြစ်သူအိမ်ရှေ့စံမင်းသားလင်းရိဟွေ့၏ ကြင်ယာတော်လောင်းရွေးကောက်ပွဲတွင်မျှတစွာဝင်ရောက်ယှဉ်ပြိုင်စေရမည်...ဘယ်လိုအကြောင်းနဲ့မှဖီသွယ်ခြင်းမရှိစေရဟု ရွှေဖိတ်စာနှင်တကွ အမိန့်တော်ပါးလိုက်သည်..."
"ကျွန်တော်မျိုးတို့နာခံလျှက်ပါ"
"လက်ခံယူကြပါ...အမတ်ကြီးချင်းတို့"
အရာရှိကြီးသည် ပါးလွှာသောပေရွတ်လိပ်နှင်တကွ ဖိတ်စာဟုယူစရသည့် ရွှေရောင်စက္ကူအိတ်ပါးစလေးအား အမတ်ကြီးလက်ထဲထည့်အပ်ပေးလိုက်လေသည်၊အမတ်ချင်းကရိုသေစွာယူ၍ ဘဏ္ဍာထိန်းအားပေးလိုက်ကာသွားသိမ်းခိုင်းလိုက်လေသည်။လီရှောင်း ဘုရင်မင်းမြတ်အားကြိတ်၍လေးစားမိသည်။ဘုရင်မင်းမြတ်ဟာဘယ်အရာမဆို လိမ္မာပါးနပ်လွန်တယ်ဆိုတာ တကယ်ပဲကို။တစ်ချက်ထဲနှင့် နှစ်ဘက်လုံးအဆင်ပြေအောင်အမိန့်ပါးလိုက်နိုင်သည်။ထို့အတူ အမတ်ချင်းရဲ့စိတ်ထဲတွင်လည်း ထိုကဲ့သို့ဘုရင်ကိုယ်တိုင်ဖိတ်ကြားလိုက်ခြင်းအပေါ်အလွန်ပင်ကျေနပ်အားရဖြစ်သွားလေသည်။ဘုရင့်အာရုံစိုက်ခံရဖို့ကတော်ရုံအမတ်တစ်ယောက်အတွက်တောင်မလွယ်တဲ့ကိစ္စမို့အခုလို သီးခြားအလေးပေးမှု့အတွက် ကျေနပ်အားရဖြစ်လှသည်။အမတ်ချင်းကထိုသို့သောအရာတွင်အားရနေသလောက်ဇနီးဖြစ်သူနှင့်သမီးဖြစ်သူရဲ့အာရုံအလုံးစုံကတော့ဖိတ်စာပေါ်တွင်သာရှိနေလေသည်။စိတ်ကူးထဲမှာကြိုတင်၍ ကြင်ယာတော်ရွေးပွဲတောင်ကျော်၍မင်္ဂလာပွဲတောင်ကျင်းပနေလောက်ပြီဖြစ်သည်။အခြေနေကိုစတင်ဖြိုခွဲဖို့စကားကြောင်းသူက
YOU ARE READING
Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)
Historical FictionZawgyi အကြောင်းတစ်ခုကြောင့် လက်ရှိနေရာကနေ တစ်ခြားနေရာတစ်ခုကို ရောက်ရှိလာသော မင်းသားတစ်ပါးနှင့် သူ့၏နောက်လိုက်များ....။ ထို့အတူ အချိန်အကန့်အသတ်နဲ့ ပါလာသော ကျိန်စာတစ်ခု.....။ ချစ်ရသူအတွက်ရှာဖွေရမည့်အမှန်တရားတစ်ခု....။ Unic...