Zawgyi
ရိဟွေ့တို့လျှောက်လမ်းအဆုံးကိုရောက်တဲ့အခါ ကျယ်ပြန်လှတဲ့စက်ဝိုင်းပုံခန်းမကျယ်အားတွေလိုက်ရသည်၊လူမရောက်တာကြာပြီမို့ ခန်းမကျယ်ရဲ့လေထုကအနည်းငယ် စိုထိုင်းထိုင်းနဲ့အောက်သက်သက်ဖြစ်နေတာကလွဲလို့အလင်းရောင်ကောင်းကောင်းရနေသည်။လေးဘက်လေးတန်မုဒ်ပေါက်ဝများထားရှိထားပြီး ထိုလမ်းကြောင်းများမှတဆင့်တခြားအဆောင်များကိုကူးပြောင်းနိုင်သည်။
ခန်းမကြီးက သာမန်တွေ့နေကျပုံစံလိုပင် ကွဲပြားမှု့သိပ်မရှိလှသော်လည်း ခန်းမအတွင်းရှိပြင်ဆင်ပုံကတော့တမူထူးခြားလေသည်။ခန်းမအလယ်မှာ ထုံးစံအတိုင်းတွေ့နေကြဖြစ်တဲ့ စားပွဲဝိုင်းတစ်ခုရှိနေပြီး မတူညီတာက ထိုစားပွဲဝိုင်းသည် အတန်သင့်ကြီးမားနေသည်ဆိုသည့်အချက်ပင်။
လူလေးယောက်ရဲ့ခြေသံကခန်းမထဲတွင်ပဲ့တင့်ထပ်နေသည်။မိုင်းမိုင်းထိုစားပွဲနားသွားပြီးအသေးစိတ်ကပ်ကြည့်လိုက်တော့ ကျောက်စားပွဲဖြစ်နေပြီး ခုံကိုးလုံးဖြင့်ပတ်ဝိုင်းထားသည်။သလင်းနန်းဆောင်နဲ့ပက်သက်ပြီးသူကြားဖူးထားတဲ့စကားတွေထဲမှာဒီကျောက်စားပွဲအကြောင်းလဲပါလေသည်။အခုမှအနီးကပ်မြင်ဖူးတာဖြစ်ပေမဲ့ ထွေထွေထူးထူးတော့ဖြစ်မနေ။
"ဒီစားပွဲကြီးက အရင်မင်းများလက်ထက်ကထဲက တိုင်းပြည်စီမံတာတွေ၊စစ်ရေးစစ်ရာ၊တခြားနောက်ပြီးညီလာခံကိုဝိုင်းဖွဲ့ပြီးလုပ်တဲ့အခါကျရင်သုံးခဲ့ကြတာမို့လို့ ခမည်းတော်ကလဲ ဒီအတိုင်းပဲထားခဲ့တာ"
"ထားခဲ့တာ" မိုင်းမိုင်းက ရုတ်တရက်မေးမိလိုက်သည်။
"အင်း....အသေးစိတ်တော့ကိုယ်တော်ရှာမဖတ်ဖူးပေမဲ့ ဒီစားပွဲကဒီနန်းဆောင်စဆောက်ကတည်းကရှိတာလို့တော့ မယ်မယ်ဘုရားပြောဖူးတယ်""ဪ..."
"မိုင်းမိုင်း....ဒီကိုလာကြည့်စမ်းပါ"
ခန်းမဆောင်၍မြောက်ဘက်မုဒ်ပေါက်ဝမှာရပ်၍သူမအားလက်လေးယပ်ကာလှမ်းခေါ်လျက်ရှိသည့် လဲ့ပင်းမင်းသမီးထံမိုင်းမိုင်းလျှောက်သွားလိုက်သည်။မြင့်သွန်းသည်ထင်ရသည့်အရပ်က လဲ့ပင်းနဲ့ယှဉ်တော့သူမကပင်ခေါင်းတစ်လုံးကြောချင်သေးသည်။အစဉ်သဖြင့်လှံကိုကျောထက်တွင်လွယ်ထားသည့်လဲ့ပင်းကလဲ သာမာန်မိန်းမသားတစ်ယောက်ထက်ထူးခြားတဲ့လက္ခဏာတွေနဲ့လှပကျော့ရှင်းတဲ့သူတစ်ယောက်ပင်။ပြည့်လျံမင်းကြီးနဲ့လဲ့လိန်းမိဖုရားကြီးတို့မှရရှိလာသော တစ်ဦးတည်းသော အလှရာတနာသမီးတော်ဖြစ်သောကြောင့်အရှိန်အဝါကလဲအံ့မခန်းထွန်းတောက်နိုင်သူတစ်ဦးလဲဖြစ်၏။

KAMU SEDANG MEMBACA
Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)
Fiksi SejarahZawgyi အကြောင်းတစ်ခုကြောင့် လက်ရှိနေရာကနေ တစ်ခြားနေရာတစ်ခုကို ရောက်ရှိလာသော မင်းသားတစ်ပါးနှင့် သူ့၏နောက်လိုက်များ....။ ထို့အတူ အချိန်အကန့်အသတ်နဲ့ ပါလာသော ကျိန်စာတစ်ခု.....။ ချစ်ရသူအတွက်ရှာဖွေရမည့်အမှန်တရားတစ်ခု....။ Unic...