60 14 4
မင်းကြီးက ထိုမျှသာ လဲ့ပင်းမင်းသမီးကိုပြောသည်။သံတမန်က လဲ့ပင်းမင်းသမီးဘက်လှည့်၍
  "လဲ့ပင်းမင်းသမီးက လှံကို မင်းသမီးနဲ့တစိတ်တသားထဲဖြစ်အောင်ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုတတ်တယ်လို့ကြားသိရပါတယ်..ဒါကြောင့် ရင်းစုပြည်နယ်က အကောင်းဆုံးပန်းပဲဖိုသမားတွေနဲ့ကြိုးစားပြုလုပ်ထားတဲ့ လှံကိုဆက်သပါတယ်...လဲ့ပင်းမင်းသမီးလက်ခံပေးပါစေလိုပါတယ်"
  သံတမန်ကအရှေ့မှာချလာသော ရှည်လျားသည့်ရွှေရောင်သတ္တာကိုလက်ညွှန်ပြပြီးပြောလိုက်လေသည်။အားလုံးရဲ့မျက်စိက ထိုသေတ္တာပေါ်ကိုကျရောက်သွားတော့၏။အလိုက်သိစွာ သံတမန်က ထိုသေတ္တာကိုဖွင့်ချလိုက်လေသည်။
   ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သေတ္တာအတွင်းထဲမှ လှပရှည်လျားကာ ထည်ဝါဝင့်ကြွားမှု့ကိုပေးသော လှံတစ်ချောင်းကိုအားလုံးတူတူ မြင်တွေ့လိုက်ရသည်။ချွန်မြထက်မြက်သော သံမဏိရောင်အလျှံညီးနေသည့် အလယ်လှံထိပ်ဖျား၏ ဘေးဘက်နှစ်ဖက်တွင် အလယ်ထက်သေးငယ်နေသော လှံဖျားသေးသေးလေးနှစ်ခုကအနည်းငယ်ထိပ်ဘက်တွင်ကော့ချွန်သွားသည့်ပုံစံဖြင့် ထပ်မံ၍ထွင်းထည့်ထားတာကြောင့် ခက်ရင်းခွပုံသဏ္ဍာန်ဖြစ်နေကာ ထိုလှံဖျားသည် ရန်သူတွေကို တစ်စစီထိုးဆွပစ်တော့မည့်ဟန်ဖြင့် စိန်ခေါ်ကြွေးကြော်နေပုံပေါက်နေသည်။အနက်ရောင်ဖြင့်ခြယ်မှုန်းထားသော လက်ကိုင်ရိုးတံအား ငွေရောင်ဖြင့်ထပ်မံ၍ အလှဆင်ထားသေးတာကြောင့် အတော်လေး မျက်စိပဒဿဖြစ်သည်ဟုဆိုရမည်။
လဲ့ပင်းမင်းသမီးသည် လှံအားမျက်တောင်မခတ်တမ်းစူးစိုက်ကာကြည့်နေမိသည်။တဆက်ထဲဆိုသလိုလဲထိုင်ရာမှထလိုက်ကာ အရှေ့သို့ထွက်လာပြီး လှံကိုသေချာလေးဂရုတစိုက်ထုတ်ယူလိုက်သည်။လှံကိုအစအဆုံးလှည့်ပတ်ကိုင်ကြည့်ကာ လှံထိပ်ဖျားကိုခပ်ဖွဖွလေးလက်နဲ့ထိကြည့်လိုက်သည်။နက်မှောင်အေးစက်သော သံမဏိရဲ့အထိအတွေ့သည်ကျဉ်လုမတတ်လက်ဖျားမှတဆင့်ရုတ်ခြည်း သူမနှလုံးသားထိလာရောက်စိမ့်ဝင်လေသည်။
တောင့်တင်းကာ ချွန်မြထက်မြက်လိုက်ပေးခြင်း။ပါးလွှာကာ သေသပ်လှပသော ဓားတစ်ချောင်းသည် လူကိုအပိုင်းပိုင်းပြတ်စေနိုင်လောက်အောင်ထက်မြတ်နေသလိုမျိုး ထိုလှံဖျားသည်လဲပဲ ခိုင်ခံ့မှု့က တော့ ပုံကိုကြည့်ပြီးဆုံးဖြတ်လို့တော့မရ။ထိုပါးလွှာသော ထိပ်ဖျားကပင် သံတောင်ဖြတ်ပိုင်းနိုင်လောက်သည့်အထိ မာကြောမှု့အတိပြီး၏။ဘေးက ကော့ချွန်ချွန် အခွနှစ်ခုကလဲ သေးငယ်ပါးလွှာသလောက် အလယ်ကလှံဖျားနှင့် သတ်ဖြတ်မှု့မခြားနိုင်အောင် စွမ်းဆောင်နိုင်မည့်ပုံအပြည့်။လှံတစ်ချောင်းလုံးက သတ်ဖြတ်ရန်လိုစိတ်တွေရှိနေသလိုမျိုး မာန်ဟုန်ဟုန်ထနေသည်။လှပသည်ကြွားဝါသည် ထက် ခက်ထန်မာကြောသည့်အသွင်ကိုဆောင်နေသည်။သူမကိုပင် လက်နက်တစ်ခုအဖြစ်အသွင်ကူးပြောင်းလိုက်သလို တပြိုင်နက်ထဲခံစားလိုက်ရပြီး သူမရဲ့စိတ်ဝိညာဉ်နဲ့တစ်ထပ်ထဲကျလောက်အောင်ကြံ့ခိုင်လွန်းပေသည်။ရင်းစုပြည်နယ်၏ ပန်းပဲပညာကတော့ ဆိုခဲ့သလိုပဲ ကြားဖူးခဲ့သည့်စကားများအရ အမှန်တကယ်ပင်အထင်ကြီးလေးစားစရာကောင်းလွန်းလှသည်။
Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)Donde viven las historias. Descúbrelo ahora