"ဖေးဖေး....မပြေးနဲ့လေဖေးဖေး"
"ခစ်ခစ်ခစ်" ရယ်သံလွင်လွင်လေးတွေနဲ့ကောင်မလေးတစ်ယောက်က အိမ်ရှေ့မြက်ခင်းပြင်တွင်အပူပင်မဲ့စွာ ရွှင်မြူးပြေးလွှားဆော့ကစားနေလေသည်။နောက်က ကိုယ်ဝန်ကြ်ီးနဲ့ သူမအမေကတော့ တောက်လျှောက်ပြေးလိုက်ကာ ထိန်းနေရလေသည်။ကလေးမလေးက ငါးနှစ်သမီးသာသာလေးပဲရှိလေအုံးမည်။ကျောင်းမိသားစု၏ ချစ်စဖွယ်သမီးကြီး ကျောင်းဖေးရန်။အလွန်ပင်သွက်လက်ကာချစ်စဖွယ်ကောင်းလွန်းလှသောကလေး။
ထိုစဉ်အမှတ်မထင်ပဲ ထိုကလေးမလေးက မှားယွင်းတဲ့အပြုအမူကိုလုပ်လိုက်လေသည်။ရုတ်တရက် ပြေးလွှားနေရာမှ ရပ်တန့်လိုက်ခြင်းပင်။မထင်မှတ်ပဲရုတ်တရက် ရပ်လိုက်တာကြောင့် နောက်ကမပေါ့မပါးနဲ့သူမအမေဟာလဲ လိုက်ရပ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ဟန်ချက်ကို မထိန်းနိုင်ပဲ ခြေချင်းလိမ်၍ခလုတ်တိုက်ကာ မှောက်ခုံလဲကျသွားခဲ့လေသည်။
"အားးးးးးး"
ကောင်မလေးရဲ့မျက်စိရှေ့မှာပင် သူမအမေက နာကျင်စွာအော်ဟစ်နေကာ သူမအဖေနာမည်အားအော်ခေါ်နေခဲ့လေသည်။ပြီးတော့လဲ သူမအမေရဲ့ခန္ဓာကိုယ်အောက်ပိုင်းဆီမှလဲ ချင်းချင်းနီရဲနေသောသွေးတွေအမြောက်အမြားအား မြင်တွေ့လိုက်ရလေသည်။ဒီအရွယ်လေးနှင့် ထိုအခြင်းအရာသည် မြင်တွေ့ဖို့ရာအလွန်ပင်ရက်စက်လွန်းရာကျလေသည်။သူမအမေဆီ ပြေးကာသွားသော်လည်း အစေခံတွေက သူမအားအနားကပ်ခွင့်မပေး။သူမအဖေကိုယ်တိုင်ကလဲ သူမအားတွန်းထုတ်ကာ အစေခံများအားချီသွားစေခဲ့သည်။အစေခံများ၏ လက်များကြားထဲမှ သူမမြင်နေရသောမြင်ကွင်းသည် မပြတ်သားတော့သော်လည်း သူမနှလုံးသားလေးထဲတွင်တော့ သွေးပျက်ဖွယ်ထိုမြင်ကွင်းက ပြတ်သားထင်ရှားစွာ ထိုးနှက်သွားခဲ့လေသည်။သူမနားထဲမှာ သူမအမေရဲ့ နာကျင်ညီးညူသံတွေရော တခြားလူတွေရဲ့ ဗလုံးပထွေးလိုမျိုးအသံတွေက နားစည်ကို စီခနဲနေအောင်ဆူညံလာစေလာတယ်...။
"မားမား...မားမား"
လက်များကိုဆန့်တန်းကာအလန့်တကြားသူ့အမေအားမောဟိုက်စွာခေါ်လာသောဖေးဖေးရဲ့အသံလေးကတုန်ယင်နေသည်။
"ဖေးဖေး.... ဖေးဖေး"
"သမီးလေး...ဖေးဖေး"
ဖေးဖေးတဲ့ မားမားကဖေးဖေးကိုခေါ်လိုက်တာလား...?
"ဖေးဖေးလေး....."
ဖြတ်ခနဲမျက်လုံးဖွင့်လိုက်တော့ မျက်စိရှေ့မှာ ဖေးဖေးအား စီးမိုးကာကြည့်နေကြသည့် ပါးပါးမားမားတို့နှင့် ဦးဦးဆရာဝန်ကြီးအားတွေ့လိုက်ရလေသည်။ဒါဆိုစောနကဟာတွေက ဖေးဖေးရဲ့ထိုအိမ်မက်ဆိုးကြီးကိုတစ်ခါပြန်မက်နေခဲ့တာပေါ့...!
YOU ARE READING
Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)
Historical FictionZawgyi အကြောင်းတစ်ခုကြောင့် လက်ရှိနေရာကနေ တစ်ခြားနေရာတစ်ခုကို ရောက်ရှိလာသော မင်းသားတစ်ပါးနှင့် သူ့၏နောက်လိုက်များ....။ ထို့အတူ အချိန်အကန့်အသတ်နဲ့ ပါလာသော ကျိန်စာတစ်ခု.....။ ချစ်ရသူအတွက်ရှာဖွေရမည့်အမှန်တရားတစ်ခု....။ Unic...