63 15 6
တဖန်ထိုလူက ဦးလှည့်ပြီးဓားချက်အား လုဝေဆီပြောင်းဝင်လာသည်။လုဝေလဲ သူဆီဦးတည်လာသည့်ဓားချက်အားလျင်မြန်စွာရှောင်တိမ်းလိုက်ကာရင်ဝကိုလက်ဖြင့်အားထည့်ဆောင်တွန်းလိုက်သည်။တစ်ဖက်ကလူသည် မျက်နှာတွင်မျက်နှာဖုံးအပြည့်တပ်ထားသည့်အတွက်ကြောင့် မည်သူမှန်းသိဖို့မသေချာ။ခန္ဓာကိုယ်က ပါးလှပ်လှပ်ကလေးနဲ့ လူ့ဖလံပုံစံမျိုးသာသာဖြစ်လေသည်။
ရိုက်ချက်ကြောင့်နံရံဘက်လွင့်ထွက်သွားသည့်ထိုလူက သူ့နောက်ကအလှဆင်ထားသည့် လိုက်ကာစအား ဓားအိမ်ဖြင့်လှိမ်၍ဆောင့်ဆွဲကာရိဟွေ့ထိုထံသို့လှမ်းပစ်လိုက်လေသည်။ရောက်လာတဲ့လိုက်ကာစသည် ရိဟွေ့ဓားချက်အောက်တွင်နောက်ထပ်နှစ်ခြမ်းကွဲသွားပြန်လေသည်။သို့သော် ပြင်းထန်တဲ့ကန်ချက်ကပါဆက်တိုက်ဆိုသလိုဝင်လာတာကြောင့် ရိဟွေ့ရော လုဝေပါ ငါးပေအကွာသို့အရှိန်ပြင်းပြင်းဖြင့်လွင့်ထွက်သွားလေသည်။ရိဟွေ့တို့လဲနေသည်ကိုအခွင့်ကောင်းယူကာ ထိုလူက သုံးပတ်လောက်အပြင်သို့ကျွမ်းပစ်ကာ ထွက်ပြေးလွတ်မြောက်သွားလေသည်။
အောင့်နေတဲ့ညာဘက်ပုခုံးကိုဖိကာ လုဝေကတွဲထူပေးလေသည်။အရှိန်ပြင်းလို့သာကန်ချက်က လွင့်ထွက်သွားစေပေမဲ့ ကြီးမားတဲ့ဒဏ်ရာမျိုးဖြစ်လောက်အောင်ထိတော့ ကန်ချက်အားက မထိုးဖောက်နိုင်တာကိုတွေ့ရသည်။သိုင်းပညာအဆင့်ကတော်ရုံတော့မဟုတ်နိုင်ဘူး။
"မင်းသား... အဆင်ပြေရဲ့လား..?"
လုဝေကိုတစ်ချက်ကြည့်ကာ
"မင်းရော...."
"ထင်သလောက်အားမပါဘူး၊အရမ်းကြီးတော့လဲမဟုတ်ပါဘူး၊ရဲမက်မှူးကသက်သက်ချဲ့ကားပြောနေတာဖြစ်မှာပါ"
     ရိဟွေ့ကထိုလူထွက်ပြေးသွားသည့်ဘက်ကို ကြည့်နေကာ အလေးအနက်တွေးနေမိသည်။ချဲ့ကားပြောနေခြင်းဖြစ်သည်မှာမှန်နိုင်သော်လည်း ကိုယ်ခံပညာတတ်မြောက်ထားသည့်လူနှစ်ယောက်ကြားထဲကနေရအောင်ရုန်းထွက်နိုင်သည့်အားငြင်း၍မရသောကြောင့်။
    "နေအုံး"
   ထိုခန ရိဟွေ့ရုတ်တရက်တစုံတခုကိုသတိရသွားလိုက်ကာ သူ့အိပ်ဆောင်ဆီကိုသွားပြီး အိပ်ယာခင်းစကို ဆွဲဖယ်လိုက်သည်။ထင်သည့်အတိုင်း ထိုပစ္စည်းကမရှိတော့။လက်မတင်လေးနောက်ကျသွားခဲ့ခြင်း။
     လုဝေကလဲအခြေနေအားရိပ်စားမိသည့်အလား ရိဟွေ့အနားကပ်လာကာ
Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)Where stories live. Discover now