ပြည့်လျံတိုင်းပြည်ရဲ့ အထင်ကရကြင်ယာတော်လောင်းရွေးပွဲအပြီးမှာ ဂုဏ်ယူဖွယ်ရာဖြစ်သော တိုင်းပြည့်ရဲ့မိခင်ဖြစ်လာမည့် အိမ်ရှေ့စံရဲ့နန်းတင်ကြင်ယာတော်လောင်းလေးကို ထုံးတမ်းစဉ်လာအရချီးမြှောက်ကြိုဆိုဖို့ရန်အတွက် ကြီးကျယ်ခမ်းနားတဲ့ ကြိုဆိုပွဲကြီးတစ်ခုကို ပြည့်လျံမင်းကြီးကိုယ်တိုင် တိုင်းသူပြည်သားတွေနဲ့အတူ ပျော်ရွှင်စွာသိုက်သိုက်ဝိုင်းဝိုင်းကျင်းပမယ်လို့ ကြေညာမောင်းခတ်ခဲ့လေတယ်။
စကြေညာသည့်နေ့မှစ၍ လူတိုင်းကထိုအခြင်းအရာအပေါ်မယုံကြည်နိုင်ခြင်းတွေရယ် ပျော်ရွှင်ခြင်းတွေရယ်နှင့် ပြည့်လျံမင်းကြီးရဲ့ လုပ်ရပ်ကိုစောင့်ကြည့်ကြတော့တာပေါ့။သိပ်မကြာခင်မှာပဲ မင်းကြီးဟာ သုံးရက်အတွင်းနဲ့ ကြီးမားသော အဆောက်အဦးကြီးတစ်ခုကို အားချင်းပြီးအောင်တည်ဆောက်ဖို့ခိုင်းစေခဲ့တယ်။ရည်ရွယ်ချက်က ပြည်သူပြည်သားအားလုံးထိုချီးမြှောက်ပွဲကိုတက်ရောက်နိုင်စေရန်အတွက်ပေါ့။ဒါပေမဲ့လဲ အရှင်မင်းကြီးရဲ့ဆန္ဒဟာ လေထဲမှာတင်လွင့်ပါးသွားတဲ့ အခိုးအငွေ့တွေလိုပဲ ပျောက်ကွယ်လုဆဲဆဲဖြစ်နေလေ၏။အကြောင်းမှာ များပြားလှသော ပြည်သူပြည်သားများအတွက် မည်မျှကြီးမားသည့်အဆောက်အဦးပင်ဖြစ်ပါစေ လုံလောက်မည်မဟုတ်။အဆောင်အဆင့်ဆင့်ဆောက်ရအောင်အတွက်ကလဲ အလွန်တရာမှအချိန်ကုန်မည့်ကိစ္စဖြစ်နေလေသည်။ဒါကြောင့် ပညာရှင်တွေက မင်းကြ်ီးထံအခစားဝင်ကာလျှောက်တင်ကြတော့သည်။
မင်းကြီးဟာ ပညာရှင်တွေရဲ့ သင့်တင့်လျှောက်ပတ်ကာ ကျိုးကြောင်းညီသောစကားကိုကြားပြီးတဲ့နောက်မှာ အလွန်ပဲခေါင်းတွေကိုက်ခဲသွားလေသည်။သူက ပြည်သူပြည်သားတွေအားလုံးကို တန်းတူပျော်ရွှင်ခွင့်ရစေချင်တယ်။အလုံးစုံပြ်ီးမြောက်အောင်မဖြည့်ဆည်းနိုင်ပေမဲ့ တတ်စွမ်းသရွေ့ ပြည်သူပြည်သားတွေကို အခွင့်အရေးပေးချင်တယ်။ဒါကြောင့် သူဘာလုပ်ရမလဲ...!
ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို အချိန်ယူစဉ်းစားပြ်ီးတဲ့နောက်မှာ မင်းကြီးလဲဆုံးဖြတ်ချက်တစ်ခုကိုအခိုင်အမာချလိုက်တယ်။ပညာရှင်တွေကို အမိန့်တစ်ခုထဲနဲ့အဆုံးအဖြတ်ပေးခဲ့တယ်။
YOU ARE READING
Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)
Historical FictionZawgyi အကြောင်းတစ်ခုကြောင့် လက်ရှိနေရာကနေ တစ်ခြားနေရာတစ်ခုကို ရောက်ရှိလာသော မင်းသားတစ်ပါးနှင့် သူ့၏နောက်လိုက်များ....။ ထို့အတူ အချိန်အကန့်အသတ်နဲ့ ပါလာသော ကျိန်စာတစ်ခု.....။ ချစ်ရသူအတွက်ရှာဖွေရမည့်အမှန်တရားတစ်ခု....။ Unic...