နေ့မွန်းတည့်အချိန်လောက်မှ ရိဟွေ့တို့အားလုံးဝူဖန်တောင်ခြေရှိတောအုပ်နယ်နမိတ်ထဲသို့စတင်ဝင်ရောက်လာကြလေသည်။တောအုပ်နယ်နိမိတ်ထဲသို့ ခြေချမိသည်နှင့် စိမ့်အေးလှသော စိုစွတ်စွတ်လေထုကရိဟွေ့တို့အားစတင်စီးကြိုလေသည်။ဝူဖန်တောင်ခြေရှိတောအုပ်ကလေးက ဆယ့်နှစ်ရာသီပတ်လုံးအမြဲတမ်းစိမ်းလန်းနေတတ်သဖြင့်စိုစွတ်ခြင်းနှင့်အမြဲလိုထိတွေ့နေရသော လေထုက ရေမှုန်ရေမွှားကလေးများပါသည့်နှယ့် ဖြတ်တိုက်သွားသော လေညှင်းနုနုကလေးများက နှာသီးဝကိုတောင်စိုစွတ်လာစေသလိုပင်။
ဆွတ်ပျံ့တဲ့လေအေးက ရိဟွေ့နဲ့မိုင်းမိုင်းကြားကို တိုးဝှေ့ဖြတ်တိုက်သွားတိုင်း သူ့ရင်ခွင်ထဲမှ မိုင်းမိုင်းဆီက သူရင်းနှီးနေပြီဖြစ်သော သို့တည်းမဟုတ် သူယဉ်ပါးနှစ်ခြိုက်မိသည်ဖြစ်သော မွှေးရနံ့တချို့ကလဲ သူ့နှာခေါင်းဝမှတဆင့် တိုးဝင်လာတိုင်း တစ်ကိုယ်လုံးရှိမွှေးညှင်းပေါက်များကျယ်သွားသည်အထိ မြူစွယ်ကျီစားသွားကြလေသည်။
ဝေါယာဉ်ထဲမှ မယ်မယ်ဖုရားမှာ ဝေါယာဉ်လိုက်ကာစလေးကိုပင့်တင်အား လတ်ဆတ်သော လေများအား သူမမျက်နှာဖြင့်တဝကြီးခံယူနေလေသည်။လူသူအရောက်အပေါက်အင်မတန်ရှားပါးလွန်းကာ တစ်နှစ်မှတစ်ခါသာလာတတ်သည့် ရိဟွေ့တို့လိုလူတွေကြောင့်ဖြစ်မည်ထင် လူများနှင့်စိမ်းသက်နေသည်တောထဲတွင်ရှိတဲ့ရောင်စုံငှက်ကလေးများရဲ့ ထိတ်လန့်တကြားကျီကျီကျာကျာအော်မြည်သံကလဲချစ်စဖွယ်အသဲယားစရာကောင်းလှတဲ့အပြင် စွတ်စိုတဲ့ရာသီဥတုကြောင့် အဖျက်အမှောင့်ကင်းကင်းနဲ့ လှချင်တိုင်းလှနေကြသည့် ငွားငွားစွင့်စွင့်တောပန်းအလှများက ရက်ရက်စက်စက်ပေါချင်တိုင်းပေါသောစွာ ပွင့်လန်းနေကြသည်။မွှေးအီလွန်းလှတဲ့ပန်းရနံ့တွေရယ် လှပချစ်စဖွယ်ကောင်းတဲ့ငှက်ကလေးများရဲ့တောင်တောင်အီအီထိတ်လန့်ပြေးလွှားပျံသန်းနေကြပုံကိုကြည့်ပြီး မိုင်းမိုင်းမှာပုခုံးလေးများသိမ့်သွားသည်အထိ သဘောတကျဖြစ်ကာ ငေးမောနေလေသည်။ရိဟွေ့မှာ ရင်ခွင်ထဲကမိန်းမပျိုလေး တစ်ချက်သိမ့်သွားတိုင်း သူအသက်ရှူတစ်ခါရပ်သွားသလိုပင် မျက်နှာတို့မထားတတ်သွေးတို့ကတစ်ဒိတ်ဒိတ်နှင့်နားထင်ကြောတွေတင်းသွားသည့်အထိလှုပ်ခတ်တော့သည်။
STAI LEGGENDO
Salvation To My Beloved Queen(ချစ်လှစွာသောမိဖုရားလောင်းကိုကယ်တင်ခြင်း)
Narrativa StoricaZawgyi အကြောင်းတစ်ခုကြောင့် လက်ရှိနေရာကနေ တစ်ခြားနေရာတစ်ခုကို ရောက်ရှိလာသော မင်းသားတစ်ပါးနှင့် သူ့၏နောက်လိုက်များ....။ ထို့အတူ အချိန်အကန့်အသတ်နဲ့ ပါလာသော ကျိန်စာတစ်ခု.....။ ချစ်ရသူအတွက်ရှာဖွေရမည့်အမှန်တရားတစ်ခု....။ Unic...