[Unicode]
မယ်တော်ကြီးအဆောင်က ပြန်ရောက်ပြီးနောက်တွင် ကြင်ယာတော်ကား အနောက်ဆောင်အာဏာရရှိသွားပြီ ဟူသောသတင်းသည် နန်းတွင်းတခွင်တွင် ပျံ့နှံလျက်ရှိသည်။
ကျန့်သည်ကား အဆောင်ထဲတွင်ပင် ထိုင်ကာ ရှေ့ဆက်ဘာလုပ်ရမည်ကို စဥ်းစားလျက်ရှိသည်။မနက်ဖြန်တွင် ကိုယ်လုပ်တော်အသစ်များ ထားရှိမည်ဖြစ်ပြီး ပိုင်ချင်းအာသည်လည်း နန်းတွင်းသို့ ရောက်ရှိမည်ဖြစ်သည်။ပိုင်ချင်းအာသည် ဇာတ်ကြောင်းအရ ဝေ့ရင်းနာမည်ပျက်အောင် အမျိုးမျိုးလုပ်ဆောင်မည်ဖြစ်သည်။အခုသူလုပ်ရမည်က ပိုင်ချင်းအာလုပ်ရပ်များကို ရှောင်ရှားရမည်ဖြစ်သည်။
သို့ပေမဲ့ ဇာတ်ကြောင်းကို ပြောင်းလဲလို့မရသဖြင့် ပိုင်ချင်းအာကို အထူးသတိထားကာ ရီလင်တိုင်းပြည်ကို ကယ်ရမည်ဖြစ်သည်။သူ့မှာ အာဏာရှိပြီဖြစ်သော်လည်း အင်အားလိုအပ်သေးသည်။ဖျက်ခနဲသတိရသည်က အရိပ်နက်။ရီလင်တိုင်းပြည်က ထည့်ပေးလိုက်သည့် အရိပ်နက်။ထိုအရိပ်နက်သည်ကား ဝေ့ရင်းမသေခင်အထိ သစ္စာရှိသည့် တစ်ဦးတည်းသောအစေခံဖြစ်သည်။မူလဝေ့ရင်းက ပိုင်ချင်းအာကို လုပ်ကြံခါနီးမှ ဇာတ်ကြောင်းတွင် အရိပ်နက်ပေါ်ပေါက်လာခြင်းဖြစ်သည်။သူကမူ ယခုခေါ်ရမည်ဖြစ်သည်။
ဝေ့ရင်းရဲ့ အသုံးအဆောင်များထဲမှ ခရာကို ထုတ်ယူလိုက်သည်။တေးသွားက မက်မွန်တေးသွား။
ကျန့်ဘဝက သင်ခဲ့ဖူးသည့် မက်မွန်တေးသွားကို မှုတ်လိုက်သည့်အခါ အရိပ်လို မြန်လှသော သိုင်းသမားပုံစံနှင့် ဒူးထောက်လျက်သား အရိပ်နက်။
ကျန့်ခနဲ့ပြုံးပြုံးလိုက်ကာ သူ့ရှေ့က အရိပ်နက်အား တစ်စုံတစ်ရာ ထုတ်ပြောလိုက်သည်။
💜
💜
💜
💜
💜ကိုယ်လုပ်တော်တင်မြှောက်ပွဲနေ့...
စင်မြင့်ထက်က လွတ်နေသော နေရာနှစ်ခု။ဘုရင်နှင့် ကြင်ယာတော်ထိုင်မည့်နေရာ။အနီရောင်ဝတ်စုံအား ညှို့အားပြင်းစွာ ဝတ်ဆင်ထားသူသည် ကိုယ်လုပ်တော်များ ကြားတွင် နေရာယူလျက်ရှိသည်။ဖခင်အရှိန်အဝါနှင့် သူမသည် မောက်မာရိုင်းစိုင်းသော်လည်း ယခုချိန်တွင်မူ နူးညံ့သောသဘောကို ဆောင်လျက် ရှက်ပြုံးတုတစ်ခုကို တပ်ဆင်ထားသည်။
YOU ARE READING
𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Fanfiction𝐁𝐉𝐘𝐗 𝐅𝐚𝐧𝐅𝐢𝐜𝐭𝐢𝐨𝐧! Start ♡+*Ɗɑɫë*+♡ 11/1/2021 End ♡+*Ɗɑɫë*+♡ 11/2/2021 Republish Date - 24 , August, 2021