Part- 6

7.2K 729 36
                                    

[Unicode]
နောက်တစ်နေ့နံနက်

ဖျက်ခနဲပွင့်လာတဲ့ မျက်လုံးနဲ့အတူ ခန္တာကိုယ်ဟာလည်းပဲ ကျင့်သားရစွာ ထထိုင်လိုက်တယ်။မနက်လင်းနေပြီဆိုတဲ့ အသိနဲ့အတူ အိပ်စက်ရာ သလွန်တော်ပေါ်က ထလိုက်တယ်။မအိပ်ခင် ဖြေချထားတဲ့ ဆံနွယ်တွေကို တစ်ချက်ခါရမ်းလိုက်ပြီး ရေချိုးဆောင်ထဲဝင်ဖို့ လှမ်းလိုက်တယ်။ရေချိုးကန်ထဲရေစိမ်ရင်း နှင်းဆီအမွှေးနံ့သာကို ယူပြီး ခေါင်းလျှော်ချလိုက်တယ်။အားလုံးပြီးဆုံးသွားပြီးနောက်မှာ ရေချိုးဆောင်ထဲက ထွက်လာရင်း အောက်ခံပိုးအဖြူလွှလွှလေးကို ဝတ်ဆင်လိုက်တယ်။အဲ့နောက်အပြင်မှာ စောင့်နေတဲ့ ရှောင်ကျီးကိုခေါ်လိုက်တယ်။

"ရှောင်ကျီး..."

နန်းတွင်းအပျိုတော်တွေနဲ့အတူ ရှောင်ကျီးက ဝင်လာပြီး ဝတ်ရုံတစ်ခုကို ယူကာ ဝတ်ဆင်ပေးလိုက်တယ်။

"မယ်တော်ကြီးနဲ့အတူ စားတော်ပွဲတည်ဖို့ မင်းကြီးက ဖိတ်ခေါ်ထားပါတယ်။ မယ်မယ် "

"သွားကြမယ် "

"ဟုတ်ကဲ့ပါ မယ်မယ်"

အနည်းငယ်တောင် ညင်သာမှုမရှိပဲ တင်းမာနေတဲ့ မျက်နှာထားနဲ့အတူ နန်းဆောင်ကထွက်လာခဲ့ပြီး မယ်တော်ကြီးအဆောင်ကို ဦးတည်လိုက်တယ်။ဆံနွယ်လေးတွေကတော့ လေနှင်ရာလွင့်လို့ လမ်းလျှောက်နေတဲ့ ကြင်ယာတော်က ပန်းချီတစ်ချပ်အလား လှပလွန်းတယ်။

မယ်တော်ကြီးနန်းဆောင်ကို အရောက်မှာ ကိုယ်လုပ်တော်တွေနဲ့ အတူထိုင်ရင်းမနက်စာစားနေတဲ့ မင်းကြီးနဲ့မယ်တော်ကြီး။မယ်တော်ကြီးနဲ့ ကပ်လျက်က သူ့နေရာမှာ ထိုင်နေသူက ပိုင်ချင်းအာ။သူရောက်နေတာကို တစ်ချက်သာလှည်ကြည့်ပြီး ပိုင်ချင်းအာနဲ့ စကားဆက်ပြောရင်း ရယ်မောနေတဲ့ မယ်တော်ကြီးက သူ့ကိုခနဲ့တဲ့သဘော။မယ်တော်ကြီးကို မသိကျေးကျွန်ပြုကာ မင်းကြီးကိုပဲအရိုအသေပြုလိုက်တယ်။

"ဒီကြင်ယာတော်က မင်းကြီးကို ဂါရဝပြုပါတယ်။ နောက်ကျသွားလို့ တောင်းပန်ပါတယ် အရှင်"

"ကိစ္စမရှိပါဘူး ဝေ့ရင်း ထိုင်လေ လာကိုယ်တော့်ဘေးကို"

"ကျေးဇူးတင်ပါတယ် အရှင်"

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Où les histoires vivent. Découvrez maintenant