Part- 3

8.8K 773 31
                                    

[Unicode]

လန်အရှင်နှင့်အတူ မယ်တော်ကြီးနန်းဆောင်ဆီ သွားရာဝယ် ကျန့်ဇာတ်ကွက်တချို့ကို ပြန်တွေးမိခဲ့သည်။အရင်ဝေ့ရင်းနှင့် မယ်တော်ကြီးရဲ့ ဆက်ဆံရေးက ဆိုးရွားသည်တော့ မဟုတ်ပေမဲ့ ဇာတ်လိုက်မဝင်လာမှ ပုံစံပြောင်းကုန်တာ ဖြစ်သည်။မယ်တော်ကြီးကား မင်းကြီးမယ်တော်အရင်း မဟုတ်ပါပေ။ကလေးမရနိုင်ခဲ့၍ နန်းတွင်းသူတစ်ဦး၏ မင်းကြီးနှင့်လွဲမှားကာ ရခဲ့သော ကလေးကို မယ်တော်ကြီးက ခြိမ်းခြောက်ကာ ကလေးကိုလုယူခဲ့သည်။ကံအားလျော်စွာ ပိုင်ချင်းအာက ထိုအကြောင်းကို သိနေခဲ့ပြီး မယ်တော်ကြီးအား ပြန်အမှတ်ရစေ၍ ပူးပေါင်းခဲ့တာဖြစ်သည်။အကျိုးအမြတ်အနေနဲ့ ပိုင်ချင်းအာက သာမန်ကိုယ်လုပ်တော်လေးမှသည် ဝေ့ရင်းထက်တစ်ဆင့်မြင့်ကာ မိဖုရားအရာ ရောက်သွားခဲ့တာဖြစ်သည်။မူလဝေ့ရင်းကား အာဏာကိုအသုံးမချသူဟု ပြော၍ရသည်။အနောက်ဆောင်အုပ်ချုပ်ခွင့် ရထားသော်လည်း အေးချမ်းစွာနေလိုသည်ဟု စကားခံကာ အာဏာပြန်ပေးခဲ့သူဖြစ်သည်။ထိုအချက်ကပင် ဗီလိန်သို့ကူးပြောင်းသည့်အခါ အရေးနိမ့်စေတာ ဖြစ်သည်။မိမိကား ဝေ့ရင်းမဟုတ်။ရှောင်းကျန့်ပင် ဖြစ်သည်။အာဏာကို လိုသလိုသုံးကာ နင်းခြေမည့် ဝေ့ရင်းအစားထိုးပင် ဖြစ်သည်။

မယ်တော်ကြီးနန်းဆောင်ကား ဝေ့ရင်းနေရာနန်းဆောင်နှင့် မိုးနဲ့မြေလိုကွာခြားသည်။နန်းတော်အနောက်ဘက် ဥယျာဉ်နှင့် တစ်ဆက်တည်းရှိကာ လေဝင်လေထွက် အလွန်ကောင်းမွန်သည့် ဇာမဏီနန်းဆောင်ပင် ဖြစ်သည်။တနည်း တိုင်းပြည်မိခင် စိုးစံရာနေရာပင် ဖြစ်သည်။ဘယ်လိုပင်ဖြစ်စေ လက်စားချေရမည့်ထဲ ပါနေသူမို့ ရှောင်လွှဲမရပါပေ။မိမိကား စစ်မြေမရောက်ခင် မြှားကုန်သူမဟုတ်ပါပေ။မြှားသည်ကား ကျိုးလွယ်သည်။မိန်းမဖျက် ပြည်ပျက်ဟု ဆိုကြရာဝယ် စစ်ဗျူဟာမှူးသည် မိန်းမမဟုတ်သည်ကို မေ့လျော့နေကြပါသလော။မိမိကား ကြိုးစွဲရာကရုပ်မဟုတ်။ကြိုးစွဲမည့် သခင်ဖြစ်သည်။

"ဝေ့ရင်း...."

"ဟမ်..."

"ဘာတွေးနေတာလဲ"

"တောင်းပန်ပါတယ် အရှင် ဝေ့ရင်းအတွေးလွန်သွားလို့ပါ"

"ဝင်ကြမယ်"

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now