Part- 9

6.7K 699 33
                                    


[Unicode]
ကျန့်ဟာ နျဲ့တိုင်းပြည်မှာနှစ်ရက်လောက်နေပြီး ကူစူးကိုပြန်လာခဲ့တယ်။အသွားတုန်းက တစ်နေကုန်ကြာခဲ့သလိုပဲ အပြန်ခရီးဟာလည်း တစ်နေကုန်အောင် ကြာမြင့်ခဲ့တယ်။မကြာခင်မှာပဲ ကူစူးကို ပြန်ရောက်တော့မှာမို့ တောစပ်နားကို မြင်နေရပြီဖြစ်တယ်။

တဖြည်းဖြည်း အရှိန်လျော့လာပြီး လှည်းကရပ်တန့်သွားတယ်။အကြောင်းကတော့ ကြင်ယာတော်က ရှုခင်းကြည့်ဖို့ လှည်းရပ်ဖို့ အမိန့်ပေးလိုက်တာကြောင့် ဖြစ်တယ်။

လှည်းအတွင်းဘက်ကနေ ထွက်လာတဲ့ ကြင်ယာတော်ကို သက်တော်စောင့်ခေါင်းဆောင်က

"မယ်မယ် မင်းကြီးက နေမဝင်ခင် အရောက်ပြန်လာဖို့ မှာလိုက်ပါတယ်။"

"အင်း "

လှည်းနဲ့ မနီးမဝေးထိ လမ်းလျှောက်ပြီး မျက်လုံးကိုစုံမှိတ်ကာ လေကိုတစ်ဝရှူသွင်းလိုက်တယ်။ဆောင်းဦးမို့ နှင်းဆီပန်းလေးတွေက အဖူးပဲရှိသေးတာမို့ လှည်းလမ်းဘေးက အပင်နံ့နဲ့ လေပြေရဲ့ သင်းနံ့လေးကိုပဲ ရလိုက်တယ်။

ဘာရယ်မဟုတ် ကောင်းကင်ကို မော့ကြည့်လိုက်တော့ ငှက်တချို့ ဖြတ်သန်းသွားတာကို မြင်လိုက်ရတယ်။ငှက်တွေက အရမ်းလွတ်လပ်တယ်။စည်းမျဥ်းတွေနဲ့ ချုပ်ချယ်မှုဆိုတာ သူတို့အတွက် အသုံးမဝင်ဘူး။သူ့ရဲ့ ရှောင်းကျန့်ဘဝကို ပြန်စဥ်းစားမိတယ်။

ဝန်ကြီးချုပ်သားဖြစ်တဲ့ကျန့်ဟာ C နိုင်ငံဘုရင်ရဲ့ နှစ်သက်ခြင်းကို ခံရပြီး ချွေးမတော်အဖြစ် လျာထားခံရသူ တစ်ယောက်။တင်းကြပ်လှတဲ့ ဖခင်ရဲ့ ချုပ်ချယ်မှုတွေနဲ့ ကြီးပြင်းလာတဲ့သူတစ်ယောက်။နန်းတွင်းရဲ့ အာဏာအသုံးဝင်ပုံနဲ့ မာယာလှည့်စားမှုတွေကို မိခင်ဆီက သင်ယူခဲ့ရတယ်။နောက်တော့ သူ့အသက် 20 ပြည့်တဲ့အခါ နန်းတွင်းကို ဝင်ခဲ့ရတာပဲ။လွတ်လပ်မှုဆိုတာ သူနဲ့မသက်ဆိုင်။ခေတ်မီပြီး တိုးတက်နေတဲ့ C နိုင်ငံဟာ မင်းအုပ်စိုးနေတဲ့ စနစ်ကို ကျင့်သုံးနေတုန်းမို့ တော်ဝင်မိသားစုဟာ အရမ်းအရေးပါအရာရောက်တယ်။ဒါပေမဲ့ ကျန့်က ထိုအရာတွေနဲ့ မသက်ဆိုင်ချင်တဲ့ သူတစ်ယောက်။ဒါပေမဲ့ အိမ်ရှေ့စံကြင်ယာတော်အနေနဲ့ ရွေးချယ်ခံရပြီးတဲ့ သူတစ်ယောက်ပဲ။သူ့မှာ ငြင်းဆန်ခွင့်မရှိဘူး။အာဏာတွေ မာယာတွေနဲ့ အမြဲအကျွမ်းတဝင်ရှိခဲ့တဲ့သူဟာ အခုတောင် ဝတ္ထုထဲက ဇာတ်ကောင်အစား လက်စားချေပေးနေရတယ် မဟုတ်ပါလား။အဟား...ကံကြမ္မာဆိုတာ အရမ်းကိုမှ ဆန်းကြယ်ပါပေတယ်။

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now