Part- 2

9.8K 724 18
                                    

မျက်လုံးဖွင့်ဖွင့်ချင်းမှာပင် ရှောင်းကျန့်သည် မိမိအဆောင်တော်နှင့် မတူသည်ကိုဦးစွာ သိရှိလိုက်သည်။မိမိအဆောင်တော်ကား ယခုအဆောင်တော်ထက်ကြီးမားပြီး ကြာပန်းနံ့သင်းသင်းလေး ပျံ့နေလျက်ရှိသည်။ပြတင်းပေါက်များလည်း အမြဲလိုလိုဖွင့်ထားရင်း လိုက်ကာစများကို ချည်ထားလေ့ရှိကာ လေနုနုအေးအေးလေး ဝင်လာလေ့ရှိသည်။အိပ်မက်လိုလို အကြောင်းတစ်ခုကို ရှောင်းကျန့်သည် မေ့လျော့ကာ အတွေးပွားမိသည်။

*အဆောင်များ ပြောင်းထားတာလား*

အဆောင်ပြောင်းတာလို့ပင် မှတ်ယူလိုက်ပြီး ရေချိုးခန်းထဲအဝင်ပင် မြင်လိုက်ရသော အခြေအနေကြောင့် မျက်မှောင်ကြုံ့ကာ ကြည့်နေမိသည်။
ရေချိုးကန်က မိမိသုံးနေကျလို အကျယ်ကြီးမဟုတ်ပဲ အသင့်အတင့်သာကျယ်ပြီး ဝတ်ရုံများလွှားထားခြင်းမရှိပေ။စိတ်ထဲဝယ်အလိုမကျဖြစ်သွားသည််မို့ မိမိအထိန်းတော်အားလီကို ခေါ်လိုက်သည်။

"အားလီ...အားလီ"

"လာပါပြီ ကြင်ယာတော်"

ပြန်ထူးတာက ယောကျ်ားလေးအသံမို့ အနည်းငယ်တွေဝေသွားမိသည်။

"ဘာအလိုရှိပါလဲ ကြင်ယာတော်"

"အားလီရော"

"အားလီဆိုတာဘယ်သူပါလဲ သခင်လေး ကျွန်တော်ကကြင်ယာတော်ရဲ့ ငယ်ငယ်လေးကတည်းက အလုပ်အကျွေးပြုလာတာလေ ရှောင်ကျီးပါ ကြင်ယာတော်ဝေ့"

"ဘယ်လိုခေါ်လိုက်တယ်"

"ကြင်ယာတော်ဝေ့လေ ကြင်ယာတော် အရှင်မင်းကြီးလန်ဝမ့်ကျီးရဲ့ အမျိုးသားကြင်ယာတော်လေ ကြင်ယာတော်ဝေ့"

"ဒီနေ့ ဘယ်နှရက်လဲ"

"ရှန်အင်းနှစ် နိုဝင်ဘာလ ခြောက်ရက်လေ ကြင်ယာတော်"

"ရပြီ ထွက်သွားတော့"

"ဟုတ်..ဟုတ်ကဲ့
နှုတ်ဆက်ပါတယ် ကြင်ယာတော်ဝေ့"

ရှောင်ကျီးဆိုသော အစေခံထွက်သွားမှ ကိုယ့်အဝတ်အစားကိုယ် ငုံ့ကြည့်မိလိုက်သည်။မိမိအနားမယူခင်က ပန်းနုရောင်ကိုမှ ရွှေကိုဇာအနားသပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ယခုမူ အနက်ရောင်ဇာဝတ်ရုံကို ပြောင်းလဲဝတ်ဆင်ထားသည်။

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now