Part- 20

6.3K 645 26
                                    

[Unicode]
အပျိုတော်လေးသည် နောက်သို့ လှည့်မကြည့်ပဲ ကွေ့ဖေးဆောင်သို့ အမြန်ဆုံးပြေးခဲ့တော့၏။

နန်းဆောင်ရှေ့ရှိ နန်းတွင်းသူများအား ကွေ့ဖေးနှင့် တွေ့ခွင့်ပေးပါရန်သာ တွင်တွင်တောင်းဆိုနေခဲ့၏။

"ကွေ့ဖေးမယ်မယ် ...မယ်မယ်နဲ့ တွေ့ခွင့်ပေးပါ။ ကျေး...ကျေးဇူးပြုပြီး "

"မယ်မယ် အိပ်စက်နေတယ်။ပြီးမှ ပြန်လာခဲ့ "

"မယ်မယ် နဲ့ အ...အခုတွေ့ရမှ ဖြစ်မှာမလို့ပါ "

"မယ်မယ် အိပ်စက်နေတယ်လို့ "

တားမရသည့်အဆုံး ရဲမက်များက ချုပ်ကာ အကျဥ်းထောင်ထဲ ထည့်ရန် ပြင်ဆင်ကြတော့၏။

အပြင်ဘက်မှ ဆူညံသံများကြောင့် နိုးလာသောသူသည် နန်းဆောင်တံခါးကို ဆွဲဖွင့်ကာ အသံပြုလိုက်၏။

"ဘာဖြစ်နေတာလဲ "

"မယ်မယ် ဒီအစေခံက ဝင်ခွင့်တောင်းနေလို့ပါ "

"ဘာကိစ္စလဲ "

"မယ်မယ် မယ်မယ့်ကို...."

ပြောနေရင်းမှ လဲကျသွားသော သူမကြောင့် ဘေးနားက ရဲမက်များနှင့် အပျိုတော်များက ကျန့်အား ကာထားကြတော့၏။

"ဖယ်စမ်း "

"မယ်မယ် အသက်အန္တရာယ်ရှိပါတယ် "

"အဲ့အလောင်းကို သမားတော်ဆီ ခုချက်ချင်းယူသွား။"

"မယ်မယ်"

"သူဘာလို့သေလဲ ငါသိချင်တယ်"

"အမိန့်တော်အတိုင်းပါ မယ်မယ်"

ဤသို့ဖြင့် ကွေ့ဖေးနန်းဆောင်ရှေ့တွင် လူသေသည့် သတင်းသည် နန်းတော်အတွင်း ပျံ့နှံ့သွားတော့၏။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် နန်းတွင်းသူများ၊ကိုယ်ရံတော်များကို ရုံးတော်က သက်သေအဖြစ် ဆင့်ခေါ်ကာ စစ်ဆေးကြတော့၏။

ဆေးပညာအရ ဘာဒဏ်ရာ၊ရောဂါမှမရှိသော လူကောင်းပကတိသည် ရုတ်တရက်သေဆုံးရမှန်း မသိရပေ။

ကွေ့ဖေးကိုလည်း မင်းကြီးကိုယ်တိုင်က နင်္ဂါးနန်းဆောင်တွင် လာရောက်နေစေခဲ့၏။ပုံမှန်ထက် ရဲမက်သုံးဆတိုးကာ ကိုယ်ရံတော်အဖွဲ့ကိုလည်း အမြဲမပျက် စောင့်ကြည့်ခိုင်းထားခဲ့၏။ထို့ကြောင့် နန်းတော်၏ ရဲမက်သုံးပုံနှစ်ပုံသည် ကွေ့ဖေးတစ်ဦးတည်းအား စောင့်ကြပ်နေရတော့၏။

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now