Part- 13

6.7K 663 55
                                    

[Unicode]
"မယ်တော့်ဆန္ဒအတိုင်း သားတော်က ပိုင်ကိုယ်လုပ်တော်ကို မိဖုရားငယ်မြှောက်ပေးပါ့မယ်။အဲ့အစား ဝေ့ရင်းကိုတော့ ကွေ့ဖေးအရာရောက်စေရမယ်။အနောက်ဆောင်အာဏာက ဝေ့ရင်းကိုပဲ အပ်နှင်းမှ သားတော်စိတ်အေးနိုင်မှာပါ မယ်တော်"
[ A/N ; ကွေ့ဖေး = ဒုတိယမိဖုရား/မိဖုရားခေါင်ထက်တစ်ဆင့်နိမ့် ]

"သားတော်က ဒီလိုဆိုတော့လည်း ကောင်းပြီလေ "

ပျက်သွားသောမျက်နှာကို ဟန်လုပ်ထိန်းကာ ပြင်နေသော မယ်တော်ကြီးကို ကြည့်ရင်း ကျန့်ကျေနပ်နေမိသည်။

*အဟက် ခံပြင်းနေတယ်မလား။စိတ်တော့မကောင်းပါဘူး *

💚💚💚💚💚💚💚💚💚💚💚💚

ဇာတ်တိုက်ပြီးသား ဖြစ်သည့် ပိုင်အမတ်နှင့် အပေါင်းအပါတို့သည် ညီလာခံတွင် နန်းဆက်ကို အကြောင်းပြုကာ ဖိအားပေးလာတော့၏။

"မင်းကြီး နန်းစံသက်လည်း လေးနှစ်ပြည့်တော့မှာမို့ မိဖုရားနဲ့ မင်းဆက်လေး လိုအပ်ပါတယ်။"

"ဟုတ်ပါတယ်။မင်းကြီး ဒီအမတ်တွေ အိုပြီးမသေခင် အိမ်ရှေ့စံလေးကို မြင်ခွင့်ရချင်ကြောင်းပါ။"

"တမလွန်က အရင်မင်းကြီးလည်း မြေးတော်ကို မြင်ချင်မှာ သေချာပါတယ်မင်းကြီး"

တစ်ယောက်တစ်ပေါက်ဖြင့် အလုအယက် လျှောက်တင်နေသော အမတ်တွေကို ကြည့်ရင်း လန်ကျန့် ခေါင်းမူးချင်လာသည်။ပုလ္လင်လက်ကိုင်ကို လက်ဖြင့်ထုချကာ ထိန်းလိုက်၏။

*ဒုန်း!!*
"တိတ်ကြစမ်း "

ထိုအခါမှသာ အမတ်တွေအကုန် တိတ်သွားပြီး မင်းကြီးထံသို့ နားစွင့်နေတော့၏။

"ကြင်ယာတော်ကို ကွေ့ဖေးအရာထားပြီး ရာထူးအပ်နှင်းပွဲလုပ်မယ်။မိဖုရားငယ်နေရာအတွက် မယ်တော့် သဘောထားအတိုင်း ပိုင်ချင်းအာကို တင်မြှောက်မယ်။ကွေ့ဖေးရာထူးအပ်နှင်းပွဲပြီးရင် ကိုယ်လုပ်တော်ပိုင်က မိဖုရားငယ်ဖြစ်လာမယ်။ကြင်ယာတော်က ကွေ့ဖေးဖြစ်လာပြီး အနောက်ဆောင်အပါအဝင် ဌာနလေးခုကို အုပ်ချုပ်ရမယ်။ "

"သင့်မြတ်လှပါတယ် မင်းကြီး"

"ကွေ့ဖေးရာထူးအပ်နှင်းပွဲအတွက် ဘယ်ရက်က သင့်တော်မလဲ။နက္ခတ်ရေးရာအမတ်ကြီး!!"

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now