[Unicode]
လန်ကျန့်လည်း သူ့အတွက်ပြင်ပေးထားတဲ့ နားနေဆောင်မှာပဲ နားနေလိုက်တော့တယ်။တစ်ဖက်မှာတော့
ဝေ့ရင်းမယ်တော်ရဲ့ နန်းဆောင်ကို ခမည်းတော်က ရောက်ရှိလာတယ်။
"ခမည်းတော် ရောက်လာပြီလား"
"သားတော် ဘာအကြောင်းရှိလို့လဲ "
ကျန့်လည်း မင်းကြီးကို ပြောမလို့လုပ်ပြီးကာမှ မိဖုရားဘက်ကို လှည့်လိုက်တယ်။
"မယ်တော် ရင်းလေးဗိုက်ဆာနေပြီ။မယ်တော်ထမင်းပြင်ပေးပါလားဟင်"
"ရင်းလေးဗိုက်ဆာနေပြီလား။ပြင်ပေးမယ်နော်။ခနစောင့်"
မိဖုရားကို ပထုတ်ပြီး စားပွဲမှာ မင်းကြီးက ဝင်ထိုင်လိုက်တယ်။
ကျန့်လည်း ပုလွေကို ထုတ်ယူလိုက်ပြီး အရိပ်နက်ကို ဆင့်ခေါ်လိုက်တယ်။
"သခင့်ကို ဂါဝရပြုပါတယ်"
"စစ်ဗျူဟာကျမ်းပေး "
အရိပ်နက်လက်ထဲက စစ်ဗျူဟာကို ယူဆောင်လိုက်ပြီး
"သွားတော့ "
"နှုတ်ဆက်ပါတယ်သခင်"
အံ့ဩသလို အမူအရာနဲ့ မင်းကြီးရှေ့ကို စစ်ဗျူဟာချပေးလိုက်ပြီး အသေးစိတ်ရှင်းပြနေလိုက်တယ်။
"ခမည်းတော် မအံ့ဩပါနဲ့။သားတော် ရီလင်အတွက် ကောင်းဖို့လုပ်ရတာပါ "
"ဒါက..."
"သားတော်ကိုယ်တိုင်ရေးဆွဲထားတဲ့ အသေးစိတ် စစ်ဗျူဟာပါ။မကြာခင် အသုံးဝင်လာမှာပါ။ပြီးတော့ နျဲ့တိုင်းပြည်ရဲ့ စစ်သူကြီးချုပ်နဲ့ တွေ့ဆုံလိုက်ပါခမည်းတော်။ သားတော်ညှိနှိုင်းပြီးပြီမို့ နျဲ့တိုင်းရဲ့ စစ်အင်အားနဲ့ ပူးပေါင်းလိုက်ရင် မကြာခင်ကျရောက်လာမဲ့ အန္တရာယ်တွေကို ကျော်ဖြတ်နိုင်မှာပါ "
"ကျေးဇူးတင်ပါတယ် သားတော် "
ထိုင်နေရာကနေ ထလာပြီး ပွေ့ဖက်လာတဲ့ ဝေ့ရင်းရဲ့ ခမည်းတော်ကို အလိုက်သင့်ပြန်ဖက်ထားလိုက်တယ်။ဝေ့ရင်းဘဝမှာ သူတစ်ခါမှမပိုင်ဆိုင်ဖူးတဲ့ နွေးထွေးတဲ့ရင်ခွင်နဲ့ မေတ္တာတွေကို ခံစားမိတယ်။နွေးထွေးလိုက်တာ။

ESTÁS LEYENDO
𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Fanfic𝐁𝐉𝐘𝐗 𝐅𝐚𝐧𝐅𝐢𝐜𝐭𝐢𝐨𝐧! Start ♡+*Ɗɑɫë*+♡ 11/1/2021 End ♡+*Ɗɑɫë*+♡ 11/2/2021 Republish Date - 24 , August, 2021