[Unicode]
ဆံထိုးတွေ၊လည်ဆွဲတွေ ထည့်ထားတဲ့ ဗန်းတွေကို ကြည့်ရင်း အတွေးလွန်နေတဲ့ ကြင်ယာတော်။
"ဒါတွေက လက်အောက်ခံနိုင်ငံတွေက ဝေ့ရင်းဆီကို ဆက်သလာတဲ့ ပစ္စည်းတွေလေ ကိုယ်တော်က ဝေ့ရင်းကို လာပေးတာ "
"ဒါတွေ မလိုပါဘူး အရှင်မင်းကြီး"
"ယူထားလိုက်ပါ အခမ်းအနားရှိတဲ့အခါ ဆင်မြန်းနိုင်တယ်လေ "
"ကျေးဇူးတင်ပါတယ် အရှင် "
"ရတယ် "
"ဟို...ဟိုလေ "
"ပြောလေ ဝေ့ရင်း "
"ဟိုနေရာက ချုံတွေရှင်းချင်လို့ "
ဝေ့ရင်းလက်ညှိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့ အစောက သူလျှောက်လာတဲ့နေရာနားက လူသွားလမ်းလေး။
"ဘာလို့လဲ အဲ့နေရာက အဲ့ဒီအတိုင်းပဲ အမြဲရှိနေတာလေ "
"နှင်း...နှင်းဆီပင်စိုက်ချင်လို့ "
"ဪ ရတယ်လေ ကတိတစ်ခုပေးရမယ်"
"အမ် "
"အကြွေးထားလိုက်ကြတာပေါ့ မမေ့နဲ့နော်။ဝေ့ရင်းမှာ ကတိအကြွေးရှိတယ်ဆိုတာ "
"ဟမ် "
ပြောပြီးသည်နှင့် လှည့်ထွက်သွားသော မင်းကြီးကြောင့် ဝေ့ရင်းမှာ ကျောက်ရုပ်အတိုင်းသာ ကျန်ခဲ့လေ၏။
💖💖💖💖💖💖💖💖💖💖💖💖
သာမန်အရပ်ဝတ်စုံကို ဝတ်ကာ မြို့တော်ဈေးကို လည်ပတ်သလို စသ်ဆေးနေသည့် မင်းကြီးနှင့်် ကြင်ယာတော်။မင်းကြီးကတော့ တစ်ပတ်တစ်ခါ နန်းပြင်ထွက်နေစရှိပြီး ကြင်ယာတော်ကတော့ ယနေ့မှ လိုက်လာခြင်းသာ။
အဖြူစွတ်စွတ်ဝတ်ရုံတော်ကို ဝတ်ဆင်ထားသော ဝေ့ရင်းက သာမန်နှင့်ကွဲပြားစွာ စင်ကြယ်လွန်းလှပြီး လူတိုင်းက အိမ်တော်သခင်မလေးအထင်နှင့် လည်ပြန်ငေးနေကြသည်။
"ဝေ့ရင်း ပျင်းနေပြီလား "
"မပျင်းပါဘူး မင်းကြီး အဲ "
"လန်ကျန့်လို့ခေါ် "
"အမ် "
"နှစ်ယောက်တည်း ရှိနေရင် လန်ကျန့်လို့ခေါ် ဘယ်လိုပဲဖြစ်ဖြစ် နန်းတွင်းအပြင်မှာဆိုတော့ ကိုယ်တို့နှစ်ယောက် သတိထားရမယ် "
ESTÁS LEYENDO
𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Fanfic𝐁𝐉𝐘𝐗 𝐅𝐚𝐧𝐅𝐢𝐜𝐭𝐢𝐨𝐧! Start ♡+*Ɗɑɫë*+♡ 11/1/2021 End ♡+*Ɗɑɫë*+♡ 11/2/2021 Republish Date - 24 , August, 2021