[Unicode]
အရိပ်နက်ကို ထွက်သွားခိုင်းပြီးနောက်မှ လက်ကကိုင်ထားသော ပစ္စည်းလေးနှစ်ခုကို ကြည့်ရင်း အတွေးများနေခဲ့သည်။ပဝါလေးနှစ်ခုပင် ဖြစ်သည်။သို့သော်လည်း ရိုးရိုးရှင်းရှင်းမဟုတ်ပဲ တစ်ခုခုကို ဖော်ပြချင်နေသယောင် ဖြစ်နေသည်။မူလဇာတ်ကြောင်းနှင့် မသက်ဆိုင်ပဲ ဝင်ရောက်လာသော အကြောင်းတရားများသည် မိမိနှင့် မည်သို့သက်ဆိုင်နေသည်ကိုလည်း စဥ်းစားမရပါပေ။💚💚💚💚💚💚💚💚💚💚💚💚
နောက်တစ်နေ့နံနက်တွင်
ကျန့်သည် နံနက်စာစားနေချိန် မင်းကြီးရောက်လာသဖြင့် ကြိုဆိုလိုက်သည်။
"မင်းကြီးကို ဂါဝရပြုပါတယ်"
"နေသာသလိုနေပါ ဝေ့ရင်း မနက်စာစားနေတာကို အနှောက်ယှက်ဖြစ်သွားပြီ ထင်တယ်"
"ရပါတယ် မင်းကြီး"
"ခဏနေရင် ဌာနလေးခုက ခေါင်းဆောင်တွေ လာကြလိမ့်မယ်။ကွေ့ဖေးကို ဂါဝရပြုဖို့ "
"ဟုတ်ကဲ့ပါ ပြင်ဆင်ထားလိုက်ပါ့မယ် "
"မနက်ဖြန် ကိုယ်တော်နန်းပြင်ထွက်ဖို့ ရှိတယ်။ဝေ့ရင်း လိုက်အုံးမလား "
"ဟို..ဟိုလေ "
"ပြောလေ ဝေ့ရင်း "
"ရီလင်ကို ခဏလောက် ပြန်ချင်တယ်။"
"ဟမ် "
"ဟို မယ်တော်နဲ့ ခမည်းတော်ကို သွားတွေ့ချင်လို့ "
"ကိုယ်တော်ပါ လိုက်မယ် "
"...."
"အဟမ်း...တစ်မျိုးမတွေးပါနဲ့။ယောက္ခမတော်တွေနဲ့ မတွေ့တာကြာတော့ နိုင်ငံရေးအကြောင်းလေး ဘာလေးပြောမလို့ပါ "
"ဟုတ် ..ဟုတ်ကဲ့"
"နန်းပြင်ထွက်ဖို့ လိုက်အုံးမလား"
"ဟိုတစ်ခေါက် နတ်ကွန်းကို သွားကြည့်ချင်တယ် စိတ်ထဲလေးနေလို့ "
"ဘာဖြစ်လို့လဲ"
"စိတ်ထဲမသန့်လို့ တစ်ခုခုရှိနေသလိုပဲ အဲ့နေရာမှာ "
"ဪ အင်းပါ။သွားကြည့်ကြတာပေါ့ နေ့ခင်းဘက်ကျရင် အဆောင်ပြောင်းဖို့ မမေ့ပါနဲ့ ဝေ့ရင်း "

أنت تقرأ
𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
أدب الهواة𝐁𝐉𝐘𝐗 𝐅𝐚𝐧𝐅𝐢𝐜𝐭𝐢𝐨𝐧! Start ♡+*Ɗɑɫë*+♡ 11/1/2021 End ♡+*Ɗɑɫë*+♡ 11/2/2021 Republish Date - 24 , August, 2021