[Unicode]
ညီလာခံတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။ထိုစဥ် အမတ်တစ်ယောက်၏ စကားသံပေါ်ထွက်လာတော့သည်။
"စိုးရွံ့မိပါတယ် မင်းကြီး။အခုအနေအထားအရ နဲ့တိုင်းပြည်ရဲ့ အခြေအနေကို ကောင်းကောင်းသိထားတဲ့ ကြင်ယာတော်မယ်မယ်ကို စေလွှတ်သင့်ကြောင်းပါ"
ကျန့်သည် သူစဥ်ထားသော အကွက်ထဲဝင်လာတာမို့ ကျေနပ်သွားရသည်။သို့သော်လည်း အခြားအမတ်စကားကို ထပ်ကြားရပြန်သည်။
"မသင့်လျော်ပါဘူး။မင်းကြီး ကြင်ယာတော်မယ်မယ်က သံတမန်မဟုတ်တာရယ် ပြီးတော့ ကြင်ယာတော်ဆိုတာ အနောက်ဆောင်ကို အေးအေးဆေးဆေးအုပ်ချုပ်ပြီး နန်းဆက်ပဲ မွေးဖွားနိုင်အောင် ကြိုးစားရမှာပါ။အခုက နန်းမိခင်တောင် မဟုတ်ပဲမင်းကြီး ညီလာခံတောင် မခေါ်လာသင့်ပါဘူး။"
ထိုအမတ်သည် ပိုင်အမတ်၏ ဘက်တော်သားဖြစ်ပြီး ချူအမတ်ပင် ဖြစ်သည်။သူတို့သည် ကြင်ယာတော်ကို ဖယ်ရှားကာ ပိုင်ချင်းအာကို မိဖုရားအရာ ရောက်စေချင်သူများပင်ဖြစ်သည်။လန်ကျန့်သည် ထိုအမတ်စကားကြောင့် ဒေါသတို့ထောင်းကနဲ ထသွားရသည်။ထိုအမတ်အား မီးဝင်းဝင်းတောက်သလို စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။တစ်ခုခုပြောရန် ပြင်လိုက်ချိန်မှာပဲ ဝေ့ရင်းကပြောလေတော့သည်။
"အဟင်း ချူအမတ်က ရဲတင်းလှချည်လား။ဒီကြင်ယာတော်ကို အေးအေးဆေးဆေးနေလို့ သတိပေးလိုက်တာ ပေါ့လေ။ချူအမတ်လို အမတ်ကြီးတစ်ပါးက ဒီကြင်ယာတော်က သံတမန်မင်းသားတစ်ပါးဖြစ်ခဲ့တာကို မေ့နေတယ်ထင်ရဲ့။တိုင်းပြည်ကြင်ယာတော်ကို စော်ကားတာဆိုတော့ ကြည့်ရတာ အမတ်သက်တမ်းကြာနေပြီ ထင်တယ်နော်။ စည်းမျဉ်းတွေ မရတော့ဘူးလားချူအမတ်ရဲ့ ဟမ်"
ကျန့်၏ ကြိမ်းဝါးသံအဆုံး ချူအမတ်လည်း ပါးစပ်ပိတ်သွားတော့သည်။အမတ်အားလုံးလဲ သိမ်မွေ့ပြီး အနေအေးတယ်ဆိုပြီး သတင်းကြားတဲ့ ကြင်ယာတော်ရဲ့ အေးစက်တဲ့အရှိန်အဝါတွေကြား ကြောက်ရွံ့လို့နေတယ်။
"ဝေ့ရင်း စိတ်လျှော့ "
"တောင်းပန်ပါတယ် အရှင် "

KAMU SEDANG MEMBACA
𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 )
Fiksi Penggemar𝐁𝐉𝐘𝐗 𝐅𝐚𝐧𝐅𝐢𝐜𝐭𝐢𝐨𝐧! Start ♡+*Ɗɑɫë*+♡ 11/1/2021 End ♡+*Ɗɑɫë*+♡ 11/2/2021 Republish Date - 24 , August, 2021