Part- 15

6.7K 684 24
                                    

[Unicode]
ရုတ်တရက် ဝင်လာတဲ့ မင်းကြီးကို နှုတ်ဆက်လိုက်တဲ့ ပိုင်ချင်းအာကို မသိကျေးကျွန်ပြုလို့ ထိုင်နေရာက ထလိုက်တဲ့ ကျန့်ပုခုံးလေးကို ဖိပြီး ပြန်ထိုင်ခိုင်းလိုက်တယ်။

"ဝမ်အာ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ "

"ဝေ့ရင်းဆီလာတာပါ မယ်တော် "

"ဒါဆိုမနှောင့်ယှက်တော့ဘူး။ချင်းအာ သွားမယ် ချွေးမတော်လေး ဂရုစိုက်ပါ "

"မယ်တော်ကြီးကို နှုတ်ဆက်ပါတယ်"

ထိုင်ရာမထပဲ စကားလေးသံ ခပ်တိုးတိုးလေးဖြင့်သာ အရိုအသေလည်း မပြုပဲ ပြန်ခိုင်းလိုက်တဲ့ ကျန့်က လန်ကျန့်ရဲ့ ပုခုံးပေါ်တင်ထားတဲ့ လက်နှစ်ဖက်ကို အကြောင်းပြုတယ်။

မယ်တော်ကြီးနဲ့ ပိုင်ချင်းအာ ထွက်သွားတော့မှ ပုခုံးပေါ်တင်ထားတဲ့လက်ကို ချလို့ စားပွဲပေါ်က ရေနွေးကို ယူသောက်ရင်း လန်ဝမ့်ကျီးက စကားသံထွက်လာတယ်။

"ဝင်ခဲ့ "

အမိန့်သံအဆုံးမှာမှ ဝင်လာတဲ့ အပ်ချုပ်ဆောင်က အစေခံတွေ။

""မင်းကြီးကို ဂါဝရပြုပါတယ်
ကွေ့ဖေးမယ်မယ်ကို ဂါဝရပြုပါတယ်""

နှုတ်ဆက်စကားကို ကြားပြီးတဲ့အချိန်မှာပဲ ထိုင်နေရာက ထလို့ လက်ကို ဆန့်တန်းပေးလိုက်တယ်။လိုအပ်တဲ့ အတိုင်းအတာကို ယူပြီးနောက်မှာပဲ နှုတ်ဆက်လို့ပြန်သွားတယ်။

"သဘက်ခါလောက် ရီလင်ကို သွားကြမယ် ဝေ့ရင်း အသင့်ပြင်ထားလိုက်ပါ"

"ကျေးဇူးတင်ပါတယ် အရှင်"

"ရပါတယ် ကိုယ်တော်သွားလိုက်အုံးမယ် အနားယူလိုက်ပါအုံး "

"နှုတ်ဆက်ပါတယ် အရှင်"

မင်းကြီးပြန်ပြီး ခနအကြာမှာပဲ အဆောင်ကို စစ်ဆေးပြီး လူရှိမရှိစစ်ဆေးလိုက်တယ်။ညနေရောက်တော့မှာမို့ အရိပ်နက်ပြန်လာပြီဆိုတာ သူသိတယ်။ပုလွေကို ထုတ်ယူလို့ အရိပ်နက်ကို ဆင့်ခေါ်တယ်။

"သခင့်ကို ဂါဝရပြုပါတယ်"

"နျဲ့တိုင်းကို သွားတာအဆင်ပြေလား။"

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now