Part- 10

6.8K 635 13
                                    

[Unicode]

"ဝုန်း!!!"

အဆောင်တံခါးအား တွန်းဖွင့်၍ ဝင်လာသော ရှောင်ကျီးကိုမြင်သည်နှင့် ဝေ့ရင်းသည် အလျင်အမြန်ပင် ရှောင်ကျီးအနားသို့ သွားလိုက်သည်။

"ဘယ်..ဘယ်လိုဖြစ်သွားပြီလဲ "

"မယ်မယ် စိတ်အေးအေးထားပါနော်...ရီ..ရီလင်ကျဆုံးသွားပြီတဲ့ "

"မ..မဖြစ်နိုင်တာ မဖြစ်နိုင်ဘူး။မယ်တော်ရော ...ခမည်းတော်ရော "

ရှောင်ကျီး၏ ပုခုံးအား ဆုပ်ကိုင်ကာ ခါရမ်းရင်း မျက်ရည်များကျလျက် မေးနေပါသော ဝေ့ရင်း။

"မင်းကြီးနဲ့ မိဖုရားကြီးတို့...သူတို့ "

"ဘာဖြစ်သွားပြီလဲ ဘာဖြစ်သွားလဲလို့ "

"တိုက်...တိုက်ပွဲမှာပဲ ကျ..ကျဆုံး..ကြင်ယာတော်!!!ကြင်ယာတော် သတိထားပါအုံး "

"ကျ" ဆိုသည့် အသံကိုကြားလိုက်သည်နှင့် ဝေ့ရင်းသည် တစ်ပြိုင်နက် မတ်တပ်ရပ်နေရာမှ ခွေကနဲလဲကျသွားတော့၏။

ဝေ့ရင်းသည် သတိမေ့နေရာမှ သတိရလာချင်းချင်း မင်းကြီးထံသွားရန် ပြင်လိုက်သည်။

မင်းကြီးအဆောင်သွားရာလမ်းတွင် မိဖုရားဖြစ်သော ပိုင်ချင်းအာက တားလိုက်သည်။

"ကြင်ယာတော်ဝေ့ "

"မိဖုရားကို ဂါဝရပြုပါတယ် သွားခွင့်ပြုပါဦး "

"အဟင်း ကြင်ယာတော်ရယ် အလျင်မလိုပါနဲ့ အရှင်မင်းကြီးက အခုဆို ညီလာခံမှာပဲ ရှိအုံးမှာပေါ့။ကြည့်ရတာ တိုင်းပြည်ပျက်သွားတဲ့ အပြင် မိဘတွေပါ ဆုံးသွားတော့ စိတ်ပုံမှန်မဟုတ်တော့ဘူးထင်တယ် "

"သွားခွင့်ပြုပါဦး"

ဝေ့ရင်းသည် ပိုင်ချင်းအာ၏ စကားများကို မသိကျိုးကျွန်ပြုကာ ဆက်သွားရန် ပြင်လိုက်သည်။

ထိုစဥ် ပိုင်ချင်းအာက ဝေ့ရင်းအနားကပ်ကာ တစ်စုံတစ်ခုကို ပြောလိုက်သည်။

"နင့်တိုင်းပြည်ပျက်အောင် ငါကိုယ်တိုင်လုပ်ခဲ့တာလေ အဟင်း "

"ဘာ !!!"

ဝေ့ရင်းသည် အထိတ်တလန့်ဖြစ်သွားကာ ပိုင်ချင်းအာကို တွန်းချလိုက်ရာ ရေကန်ထဲ ပြုတ်ကျသွားတော့သည်။

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now