Part- 17

6.7K 645 52
                                    

[Unicode]
"မယ်တော် ဘာအကြောင်းရှိလို့လဲ"

"စစ်ဆေးကြ"

ရီလင်တိုင်းပြည်အတွက် ကွေ့ဖေးရဲ့ လက်ဆောင်ထုပ်တွေကို စစ်ဆေးတဲ့ ရဲမက်တွေကြောင့် အမတ်တွေရော၊အစေခံတွေပါ ဝိုင်းကြည့်လို့။

"မယ်တော် ဘာလုပ်တာပါလဲ။ဒီချွေးမတော်ရဲ့ လက်ဆောင်တွေကို ဘာလို့စစ်ဆေးရတာပါလဲ "

မေးတာက မယ်တော်ကြီးကိုပေမဲ့ ဝင်ဖြေတာက ပိုင်ချင်းအာ။

"မင်းကြီး ကွေ့ဖေးက စစ်ဗျူဟာကျမ်းတွေ ရေးဆွဲပြီး ရီလင်ကို သယ်ဖို့၊ပြီးတော့ ကူစူးလန်ကို သစ္စာဖောက်ဖို့ စစ်အင်အားတွေ အသင့်ပြင်နေကြောင်း ချင်းအာ သတင်းသဲ့သဲကြားနေရလို့ မယ်တော့်ကို စစ်ဆေးခိုင်းတာပါ မင်းကြီး"

ပိုင်ချင်းအာပြောသမျှကို မျက်ခုံးတွေ တွန့်ချိုးပြီး ကြည့်နေတဲ့ လန်ကျန့်က အေးစက်တင်းမာနေတဲ့ အသံနဲ့ ပြန်မေးလိုက်တယ်။

"မင်းနဲ့ ဆိုင်လား"

"ရှင်"

"လုပ်ပိုင်ခွင့်ရော ရှိသလား "

"ရှင် "

"ဟမ်!!!"

"မ...မရှိပါဘူး။ဒါ..ဒါပေမဲ့ ချင်းအာက "

ထိုစဥ် ရဲမက်ခေါင်းဆောင်ရဲ့ မယ်တော်ကြီးဆီ အပြေးအလွှားလျှောက်တင်သံကို ကြားလိုက်ရသည်။

"လက်ဆောင်ထုပ်တွေမှာ မရှိပါဘူး။မယ်တော်ကြီး ကွေ့ဖေးမယ်မယ်က လက်ဆောင်တွေ အားလုံးကို သေချာထုပ်ပိုးပြီး ရီလင်တိုင်းပြည်ကို သယ်ယူမှာပါ။"

"ဘာ မင်းတို့ သေချာရော ရှာကြလား "

"မ...မဖြစ်နိုင်ဘူး မင်းကြီး ကျွန်တော်မျိုးမ သေချာပေါက်ကို သတင်းအတိအကျရထားတာပါ ကွေ့ဖေး ကွေ့ဖေးက "

*ဖြန်း...*

လက်ညှိုးထိုးပြီး ပြောနေတဲ့ ပိုင်ချင်းအာကို ပါးရိုက်လိုက်တာက ကွေ့ဖေး။

"အတင့်ရဲလိုက်တာ ငါလိုကွေ့ဖေးကို လက်ညှိုးထိုးပြောရဲတယ်လို့ အရှက်ကင်းမဲ့လိုက်တာ သိက္ခာမရှိ။"

"နင်...နင်"

နောက်တစ်ခါ

*ဖြန်း*

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now