ငယ်ကကိုယ့်ရဲ့အချစ်တွေကိုဘဲမြင်တာလားဒါမှမဟုတ်ကိုယ့်ရဲ့သဝန်တိုမှုတွေကိုကော မမြင်တက်တာဘဲလား..မကြိုက်ဘူးငယ်ခန္ဓာကိုယ်ကိုထိတွေ့နေတဲ့အရာအရာတ်ိုင်းကိုကိုယ်လုံးဝမကြိုက်ဘူး...
ဂျောင်ကု ယောက္ခမဖြစ်သူတွေကိုလိုက်ပို့ပြီးပြန်လာတော့ခြံဝရောက်ထဲကငယ်နဲ့အစ်ကိုဖြစ်သူစကားပြောနေတာကိုသူအကုန်မြင်သည်...နီးကပ်လာတာနဲ့အမျှတဖြည်းဖြည်းမြင်နေရတဲ့ငယ့်ရဲ့အပြုံးတွေ..ဒီအပြုံးတွေက ကိုယ်ပိုင်တဲ့အရာတွေမဟုတ်လား..ဘာလို့ငယ်ကတခြားသူကိုအဲ့လိုတွေပြုံးပြနေရတာလဲ..
ကားကိုနေရာတကျရပ်ပြီး ငယ့်စီကိုသွားဖို့လုပ်တော့ ငယ်ရဲဆံပင်တွေကိုလာထိတွေ့နေတဲ့အစ်ကိုဖြစ်သူရဲ့လက်တွေကြောင့် တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသလိုပင်..ငယ်ကပြုံးနေတယ်..ဟုတ်တယ် ငယ်ကအစ်ကို့ရဲ့လက်ကိုမဖယ်ဘဲပြုံးနေတာ..
အစ်ကိုဖြစ်သူကို ငယ်နဲ့ဝေးဝေးနေပေးပါလ်ို့သာပြောပြီးငယ်ကိုအခန်းထဲကိုသာဆွဲခေါ်လာခဲ့သည်အခန်းထဲရောက်တော့...
"ငယ် ရဲ့လက်ကိုလွှတ်ပါအုံး နာလာပြီ"
ဂျောင်ကုရဲ့တည်ငြိမ်သလိုစိမ်းကားတဲ့မျက်ဝန်းတွေကြောင့် ထယ်ယောင်းအခုဖြစ်ပျက်နေသည့်အခြေအနေကိုနားမလည်နိုင်စွာဖြင့်ကြည့်နေမိသည်
"ကိုယ် ဘာဖြစ်နေတာလဲ"
ဂျောင်ကုစိတ်ဆိုးတိုင်း ထယ်ယောင်းခေါ်တက်သည့်နာမ်စားတစ်ခု....
"ဘာလို့လဲ ဘာလို့တခြားသူကိုဆံပင်အကိုင်ခံပြီးပြုံးပြနေရတာလဲဟင်....ကိုယ်မေးနေတယ်လေ...ဘာလို့တခြားသူကိုအဲ့လိုတွေပြုံးပြနေရတာလဲလို့..."
အဆက်မပြတ်စကားပြောရင်းမျက်ဝန်းအတွင်းမှအလှိမ့်လှိမ့်ကျဆင်းလာတဲ့မျက်ရည်စတွေကြောင့် ဂျောင်ကုသူ့ကိုအစ်ကိုဖြစ်သူနဲ့သဝန်တိုမှန်းထယ်ယောင်းသိလိုက်သည်
"တောင်းပန်တယ်ငယ်.. ငယ်နဲ့ပတ်သတ်ရင်ကိုယ်နုလုံးသားကနုလို့..."
"မဟုတ်ဘူး ကိုယ်ထင်သလိုမဟုတ်ဘူးနော်ယောက်ဖက ငယ်ရဲ့ဆံပင်ကိုသဘောကျတယ်ဆိုလို့ခဏလေးကိုင်ခွင့်ပေးလိုက်ရုံလေးဘဲ ကျန်တာငယ်မှာဘာစိတ်မှမရှိဘူး"
YOU ARE READING
ငယ်💜💫..(Completed)
Fanfictionဝဋ်ကြွေးလို့လာမပြောကြနဲ့.... ဝေးသွားတာထက်စာရင်တစ်သက်လုံးဆက်ချစ်သွားမှာကိုဘဲ..ကျွန်တော်လိုလားတယ် Jeon Jung Kook ❄Kim Tae Hyung