Ep18

2.2K 193 9
                                    

"ငယ်.."

ကျယ်ဝန်းလှတဲ့အခန်းကျယ်ကြီးထဲရှိအိပ်ယာပေါ်တွင်တီရှုပ်အဖြူခပ်ပွပွကိုသာဝတ်ဆင်ပြီးအိပ်နေတဲ့ငယ်ကကျွန်တော့်စိတ်ကိုဆွဲဆောင်နေသလိုပင်....အနီးကပ်လာလေသွယ်လျတဲ့ခြေတံသွယ်သွယ်လေးတွေက ထိန်းချုပ်နေတဲ့ကျွန်တော့်ရဲ့စိတ်ကိုလှောင်ပြောင်နေတဲ့အတိုင်းဘဲ

နှစ်ဦးသဘောတူမဂ်လာဆောင်ပြီးတည်းကမိဘတွေနဲ့အိမ်သက်သက်ခွဲနေလိုက်တာကြောင့်အရင်ကထက်အတူတူရှိနေချိန်ကပိုများသည် တစ်ခါတစ်လေငယ်ရဲ့သူငယ်ချင်းတွေလာလည်ကြပေမယ့်ကျွန်တော်ငယ်ကိုအရင်ကထက်ပိုစိတ်မချဖြစ်လာတယ် ငယ်ကသူ့သူငယ်ချင်းတွေနဲ့အရင်ကဘယ်လောက်ထိရင်းရင်းနှီးနှီးနေခဲ့မှန်းမသိပေမယ့်အခုလက်ရှ်ိမှာတော့ငယ့်ရဲ့အသားကိုထိခြင်တိုင်းထိ ကိုင်ခြင်တိုင်းကိုင် နေတာမျိုးကိုတော့ကျွန်တော်လုံးဝမကြိုက်ဘူး အဆိုးဆုံးကတော့အခုကျွန်တော်အစ်ကိုပြန်ရောက်နေတယ်ကိုယ့်အစ်ကိုရဲ့အကြောင်းကိုကိုယ်သာအသိဆုံးမလို့စိတ်ပူရပြန်တယ်...ငယ်လေးကိုအစ်ကိုမေ့ပြီလားအခုထက်ထိချစ်သေးလားဆိုတာကိုတော့သေသေချာချာမသိရပေမယ့်ငယ်နဲ့ပတ်သတ်လာရင်ဒီလူကအားလုံးနဲ့သဝန်တိုတယ်

"ကိုယ်..ငယ်ကိုဘာပြောမလို့လဲဟင်.."

ဟောကြည့် ဒီကလူကဘာမှမပြောရသေးဘူး..လူကိုကြည့်နေတဲ့ပုံကသူ့ကိုစားပါလို့ခေါ်နေသလိုဘဲ

ရီဝေဝေမျက်လုံးတွေနဲ့မျက်တောင်တစ်ချက်ချင်းခက်နေတဲ့ငယ်ရဲ့မျက်ဝန်းတွေကဘယ်အချိန်ဖြစ်ဖြစ်ကိုယ့်ကိုရင်ခုန်စေတယ်

ချစ်ရတဲ့ယောကျာ်းကင်ထယ်ယောင်းအပေါ်ဂျောင်ကုလျင်မြန်စွာအုပ်မိုးလိုက်သည် ငယ်ကတော့ကျွန်တော်ဘာလုပ်တော့မယ်ဆိုတာသိနေတဲ့ပုံဘဲ...ခပ်ယဲ့ယဲ့လေးပြုံးပြရှာတယ်

"ငယ်..ကိုယ်တို့ဒီနေ့အတူနေကြရအောင်.."

"ဒါပေမယ့်ဒီနေ့အိမ်ကိုအမေတို့လာကြမှာလေ.."

ထယ်ယောင်းအဖြေကြောင့်ဂျောင်ကုမျက်နှာ
အနည်းငယ်ညှိုးသွားသည် ဆွဲဆောင်တုန်းကတော့လူကိုဆွဲဆောင်ပြီးအခုမှရှောင်ပြေးခြင်နေတယ်ပေါ့

ငယ်💜💫..(Completed)Tahanan ng mga kuwento. Tumuklas ngayon