Ep21

2.1K 194 16
                                    


ထမင်းစားခန်းထဲ သို့ ဂျောင်ကု တစ်ရွေ့ရွေ့ လျှောက်လှမ်းလာသည် အသက်မပါတဲ့လူတစ်ယောက်လို ဝိုင်ပုလင်းတစ်ပုလင်း ကိုယူလိုက်ပြီး ခွက်ယူမနေဘဲ ဒီတိုင်းသာပုလင်းလိုက်သာ မော့သောက်လိုက်သည်

"အေ့ " ဆိုတဲ့အသံထွက်လာပြီး ခဏအကြာ ဘေးရှိ ထိုင်ခုံတွင်ထိုင်လိုက်ရင်း မျက်ဝန်းအိမ်ထက် မျက်ရည်စတို့သည် တဖြည်းဖြည်းကျဆင်းလာသည်

"ဘာလို့ ငယ်က ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ တွေ့နေရတာလဲ..."

ချစ်ရသူအကြောင်း တွေးနေရင်း လက်ထဲရှိ ဝိုင်ပုလင်းကို နောက်တစ်ခါထက်မော့လိုက်ပြန်သည်

တစ်နေ့လုံး အလုပ်ပင်ပန်းနေတာကြောင့် ဒီနေ့ထယ်ယောင်းစောစောအိပ်လိုက်သည် တရေးနိုးတော့ ဘေးကိုကြည့်လိုက်တော့ ဂျောင်ကုရှိမနေပါ..ခဏကြာ​တော့မီးဖိုခန်းထဲက အသံကြားရတာကြောင့် သူ့လူကြီးဘာလုပ်နေလဲ ဆိုတာသိခြင်စိတ်ဖြင့် မီးဖိုးခန်းထဲသွား ကြည့်လ်ိုက်တော့ ထမင်းစားပွဲပေါ်တွင်အရုပ်ကြိုးပျက်ဖြစ်နေသော ချစ်ရသူ။

ထယ်ယောင်းလည်း ဂျောင်ကုဘေးကိုထိုင်လိုက်တော့ ဝမ်းနည်းနေတဲ့မျက်ဝန်းတို့ဖြင့် ထယ်ယောင်းကိုပြန်ကြည့်သည်

သူ့ထက် Sizeပိုကြီးသည့် ဂျောင်ကုရဲ့ Shirt အကျီ် အဖြူက်ို ယူဝတ်ထားသည့် ထယ်ယောင်းပုံစံက ကလေးလေးတစ်ယောက်လိုပင်။

" လူကြီး ဘာဖြစ်လို့လဲဟင်...အလုပ်မှာအဆင်မပြေလို့လား..ဒါမှမဟုတ်နေမကောင်းလို့လား..ငယ်ကိုပြောပြလေ...ငယ်ကူညီနိုင်တာရှိရင် ကူညီပေးမယ်.."

ဘေးနားတွင် ထိုင်နေသည့် ချစ်စရာ အဖြူလုံးလုံးလေးကို တစ်ချက်ကြည့်လိုက်ပြီး မျက်ရည်စတို့ကို လက်ဖြင့် သုတ်လိုက်သည်
ထိုကလေးကတော့ အိမ်ထောင်သည်သာဖြစ်နေပြီ အခုထိ သူတစ်ခုခုဖြစ်တိုင်း မျက်နှာငယ်လေးနဲ့ လာမေးတက်သည့်အကြင့်ကမပျောက်သေးပေ။

" ကိုယ် ဘာမှမဖြစ်ပါဘူး...ဒါပေမယ့် ငယ် ကိုယ့်ကို တစ်ခုလောက် ပြောပေးပါလား.."

ဂျောင်ကုဘက်က တောင်းဆိုလာတော့ ချစ်ရတဲ့သူက ခေါင်းလေးငြိမ့်ပြရှာသည်

ငယ်💜💫..(Completed)Where stories live. Discover now