Ep24

2K 171 15
                                    

" ငယ် ကိုယ်တို့တွေ အိမ်ရောက်ရင် တစ်ခုခုချက်စားကြမလား. "

" အင်းကောင်းသားဘဲ..လူကြီးချက်ကျွေးတာ ဘာမဆို ငယ်ကြိုက်တယ်..ဟီး "

Boxy smile လေးပေါ်အောင်ပြုံးပြနေသည့် ထယ်ယောင်းကြောင့် ဂျောင်ကုအသည်းယားနေမိပြန်သည်
ထယ်ယောင်း၏ လက်ဆွဲအိတ်ကို ဂျောင်ကု
ယူလိုက်ပြီး ကျန်လက်တစ်ဖက်ကို ထယ်ယောင်း ပုခုံးပေါ်သို့တင်လိုက်ကာ အိမ်သို့ပြန်ရန် ပြင်ဆင်လေသည်

ထယ်ယောင်းတို့ အလုပ်အဆောက်အဦးရှေ့ရောက်တော့ အခုချ်ိန်ထိ မပြန်သေးဘဲ စကားပြောနေကြသည့် ယွန်းဂီနဲ့ ဂျီမင် ။

ထယ်ယောင်းလည်း နှုတ်ဆတ်ရန် သူတ်ို့နားသွားမယ်အလုပ် ရုတ်တရပ် ပုခုံးပေါ် ဖက်ထားသည့် ဂျောင်ကု၏ လက်တွေသည် ပိုမိုတင်းကြပ်စွာ ဖြင့်ဖက်ထားလေသည်

အရှေ့ကနှစ်ယောက်ကလ​ည်း အခြေအနေမကောင်းတဲ့ပုံစံဘဲ
ဘာတွေပြောနေကြလို့ ဂျီမင်က ငိုနေတာလဲ
အစ်ကိုယွန်းဂီကကော ဘာတွေဂျီမင်ကိုပြောလိုက်တာလဲ

သိပ်မကြာပင် ဂျီမင်ထံမှ နဂိုထက်ပိုကျယ်သော အသံအနေအထားဖြင့်
စကားလုံးတစ်ချို့ ကို ပြတ်ပြတ်သားသား ကြားလိုက်ရသည်

" သူက ထယ်ယောင်းမလား "

".........."

" အစ်က်ို သဘောကျနေတဲ့သူက ထယ်ယောင်းလားလို့ ကျွန်တော်မေးနေတယ်လေ "

" မင်း သိနေရင်လည်း ဘာလို့ငါ့လာမေးနေတာလဲ..ငါအခုထိ မင်းနဲ့စကားလက်ခံပြောနေတာကိုဘဲ မင်းကျေးဇူးတင်သင့်တယ် "

ဘယ်လို
ငါ့ကို ငါ့ယောက်ဖက ကြိုက်နေတာလား ဘယ်တည်းကလဲ...ဘယ်တုန်းကတည်းကလဲ...ငါဘာလို့ ဘာမှမသိခဲ့တာလဲ..
လူကြီးကော သူလည်းအစထဲက ကြိုသိနေတာလား

ထယ်ယောင်း သူ့​ဘေးတွင်ရပ်နေသည့် ဂျောင်ကုကိုကြည့်လိုက်တော့ မျက်နှာတစ်ခုလုံးအမှောင်ဖုံးနေသလိုပင်
နဂို သူ့ပခုံးကို ဖက်ထားသည့်လက်တို့သည်လည်း အရင်ကထက် ပိုဆုတ်ကိုင်ထားတာကြောင့် အနည်းငယ်နာလာသည်

" အစ်ကိုယွန်းဂီ...ခင်ဗျား အရမ်းရက်စက်တယ်...ထယ်ယောင်းက အခုအိမ်ထောင်ကြီးနဲ့လေ...လူပျိုလူလွတ်လည်းမဟုတ်ဘူး...ဘာလို့လဲ...ဘာလို့ သူ့ကိုဘဲ အချိန်အကြာကြီးချစ်နေမှာလဲ...အစ်ကိုအနားမှာ နေခြင်တဲ့လူကြတော့......... ဘာလို့နေခွင့်မပေးရတာလဲ "

ငယ်💜💫..(Completed)Wo Geschichten leben. Entdecke jetzt