"ဟေ့ရောင်ငါ့လက်ကိုလွှတ်အုံးလေဘာလို့အတင်းကိုင်ထားတာလဲ"
ထယ်ယောင်းလက်နာနေတယ်ဆိုတာကတော့အမှန်ပင်ဟိုငနဲလေးကသူ့လည်းကူညီရသေးတယ်အခုလဲကြည့်သူတို့နှစ်ယောက်ဆက်ဆံရေးကဘာတွေမှန်းတော့မသိပေမယ့်ဒီငနဲလေးကကျွန်တော်ကိုအတင်းဆွဲခေါ်လာတယ်
"Sorryငါစိတ်လွတ်သွားတယ်"
"အေး..ရတယ်မင်းကိတ်စပြီးပြီမလားပြီးရင်ငါတို့သွားပြီ"
ထယ်ယောင်းနဲ့ဟိုဆော့အတန်းထဲသွားဖို့လုပ်တော့ဂျီမင် ထယ်ယောင်းရဲ့လက်ကိုဆွဲလိုက်ပြန်သည်
"ဘာဖြစ်ပြန်ပြီလဲငါတို့အတန်းသွားတက်ရအုံးမယ်ကွ"
"မင်းတို့ကဘယ်ဌာနကိုသွားမှာလဲ"
"အနုပညာဌာန ဘာဖြစ်လို့လဲမင်းကကောအဲ့ကဘဲလား"
"အင်းအဲ့ကဘဲ"
ဂျီမင်းခေါင်းငြိမ့်ပြတော့ထယ်ယောင်းနဲ့ဟိုဆော့တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကြည့်နေမိသည်
"အဲ့တာဆိုမင်းကပထမနှစ်ဘဲလား"
"အင်း"
"အဆင်သင့်လိုက်တာကွာငါနဲ့ထယ်ထယ်ကအခုမှစတက်မှာဆိုတော့အဖော်မရှိဘူးဖြစ်နေတာမင်းနာမည်ကဘယ်လိုခေါ်လဲ"
ဟိုဆော့အမေးကြောင့်ထယ်ယောင်းခေါင်းခါလိုက်သည်ဂျီမင်းကခင်ဖို့ကောင်းမယ်ဆိုတာသိပေမယ့်ဟိုကောင်ဟိုဆော့နဲ့သာပေါင်းရင်အားနေကြောက်နေတော့မှာဘဲ
"ငါ့နာမည်ကPark Jimin မင်းတ်ို့နာမည်ကကော"
"ငါ့နာမည်ကJhope ထယ်ထယ်ကတော့ဟိုဆော့လို့ဘဲခေါ်တယ်မင်းလဲအဲ့လိုဘဲခေါ်လေ"
"ငါ့နာမည်ကKimTaeHyung"
"အဲ့တာဆိုဒီနေ့ကစပြီးငါတ်ို့သူငယ်ချင်းလုပ်လို့ရပြီပေါ့နော်"
"အေးလုပ်ကြတာပေါ့"
သူငယ်ချင်းဖြစ်ခွင့်ရတာလေးကိုပင်ပျော်မြူးနေတဲ့ဂျီမင်ကြောင့်ကျွန်တော်နှစ်ယောက်ဘာပြန်ပြောရမလဲမသ်ိ.. ခဏကြာတော့ကျွန်တော်တို့သုံးယောက်စလုံးအတန်းသွားတက်သည်ဂျီမင်းနဲ့ဟိုဆော့ကတော့ကျွန်တော်ဘေးမှာ...
VOCÊ ESTÁ LENDO
ငယ်💜💫..(Completed)
Fanficဝဋ်ကြွေးလို့လာမပြောကြနဲ့.... ဝေးသွားတာထက်စာရင်တစ်သက်လုံးဆက်ချစ်သွားမှာကိုဘဲ..ကျွန်တော်လိုလားတယ် Jeon Jung Kook ❄Kim Tae Hyung