Ep22

2.3K 201 29
                                    

" မင်း ငါ့ကိုတွေ့ခြင်တာ ဘာကိစ္စရှိလို့လဲ "

အစ်ကို ဖြစ်သူအမေး​ကြောင့် ဂျောင်ကု ဖြေလိုက်သည်

" ကျွန်တော် ဘာလို့ခေါ် တွေ့လဲ ဆိုတာအစ်ကိုကောင်းကောင်းသိပါတယ် ရှည်ရှည်ဝေးဝေး မပြောတော့ဘူး ငယ်နဲ့ဝေးဝေးနေပေးပါ အစ်ကိုဘယ်လိုခြေလှမ်းတွေ လှမ်းနေလဲဆိုတာ ကျွန်တော်သိတယ် "

ဂျောင်ကု စကားကြောင့်  အေးစက်စက် အပြုံးတစ်ချို့ ယွန်းဂီ မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်

" ပြောပါအုံး ငါကဘာခြေလှမ်းတွေလှမ်းနေလို့လဲ "

" အစ်ကို....ဝန်မခံတော့လည်းပြောရတာပေါ့ အစ်ကို ငယ့်ကို ခဏခဏအကြိုအပ်ို့လုပ်ပေးနေတာတွေ ငယ်နဲ့နေ့လည်စာအတူတူစားတာတွေ ငယ့်ရုံးခန်းကို ကိစ္စမရှိဘဲ သွားတာတွေက အဲ့ဒါတွေက ဘာတွေလဲ "

ဂျောင်ကု ပုံမှန်ထက်ပို ဒေါသထွက်လာသည်

သူ့ဘက်ကသာ မဖြစ်သင့်တာမဖြစ်ဖို့ တားနေပေမယ့် သူပြောသမျှကို ဘာမှမဖြစ်သလို ပုံစံမျိုးနဲ့ နားထောင်နေတဲ့ အစ်ကိုဖြစ်သူကို ဆွဲထိုးလိုက်ခြင်မိသည်

" ဒါက တော့ရှင်းပါတယ် ငါ့ညီရဲ့ ယောကျာ်း ကို ငါသွားတွေ့တာထူးဆန်းလို့လား မင်းမလုပ်ပေးနိုင်တဲ့ လစ်ဟာမှုတွေကို ငါကလုပ်ပေးရုံလေးဘဲ "

ပြောခြင်တာပြောပြီး ယွန်းဂီ ထိုနေရာမှ ထထွက်သွားသည်

" တောက်စ် "

ခပ်ပြင်းပြင်း တောက် ခေါက်သံနဲ့အတူ လက်သီးကို ခပ်ကျစ်ကျစ် စုတ်လျက် အရှေ့တည့်တည့်ရှိ စားပွဲခုံက်ို အားပါပါ ထိုးလိုက်သည်

တစ်လက်စတည်း ပင် ခေါင်းထဲဝင်လာသည့်
အတွေးတစ်ချို့တို့သည် ဂျောင်ကုကို​ယောက်ယက်ခက်သွားစေသည်

' ငယ် ဟုတ်တယ် ငယ်သာ အစ်ကို့ကို လက်ခံလိုက်ရင် ငါ့ကိုငယ်ကွာရှင်း တော့မှာလား..

ငယ်ငါ့က်ိုထားပြီး ငါမဟုတ်တဲ့တခြားတစ်ယောက်နဲ့ ပျော်နေမှာလား....

မဖြစ်ရဘူး....ငယ်က ငါ့လူ...ငါ့အပိုင်..ငါ့အချစ် ....'

မှန်ကာထားသော အဆောက်အုံအပြင်ဘက်ရှိ
ပြာလဲ့လဲ့ကောင်းကင် သို့ကြည့်ကာ ယောကျာ်းအရင့်အမာကြီး တစ်ဦး၏ မျက်ရည်စတို့သည်
မျက်ဝန်းအိမ်ထဲမှ ဖြည်းညင်းစွာ စီးကျလာသည်

ငယ်💜💫..(Completed)Kde žijí příběhy. Začni objevovat