Ep19

2.2K 192 16
                                    

"ငယ်..ကိုယ်ရှင်းပြတာလေးတော့...နားထောင်ပေးအုံးလေ..."

"ဘာမှလာရှင်းမပြနဲ့....ငယ်အစထဲက အဲ့ဒီအတွင်းရေးမှူးမကိုမသကာ်နေတာအခုတော့ လူမိပြီမလား.."

"မဟုတ်ရပါဘူးကွာ...သူခြေထောက်နာနေလို့ကိုယ်ကတွဲပေးရုံလေးပါ..သူနဲ့ကိုယ်ဘာမှမပတ်သတ်ဘူး..."

"ဘာမှမပတ်သတ်တာသေချာလို့လား...ဘာမှမပတ်သတ်ဘူးဆိုရင်ဘာလို့ အဲ့မိန်းမကိုအကြာကြီးရင်ခွင်ထဲထည့်ထားတာလဲ..."

ပြောလေဆိုလေဖြစ်နေတဲ့ ချစ်ရသူကြောင့် ဂျောင်ကု သေသာ သေလိုက်ခြင်မိသည် ကိုယ့်အတွင်းရေးမှူးက ခဏခဏကိုယ့်ကိုလိုက်ကပ်နေတယ်ဆိုတာကို သိသည် ဒါပေမယ့်အလုပ်ချက်ချင်း ဖြုတ်ဖို့ကြအဆင်မပြေဘူးလေ နောက်ပြီးရုံးတွင်းသတင်းတွေအရ ရုံးပေါ်ကယောကျာ်းလေးတွေနဲ့ လည်းရောရောနှောနှောနေပြီး မဟုတ်တာတွေလုပ်နေတာကို အတ်ိအကျသိအောင် စုံစမ်းနေခြင်းဖြစ်သည် အခုလည်းကြည့် ငယ်အထင်လွဲမှာစိုးလို့ ခပ်ခွာခွာနေခဲ့ပေမယ့် အခုတော့နဂိုထက်ပိုဆိုးလာသည်

"ငယ်ကလဲ..နောက်တစ်ခါကိုယ်အနေအထိုင်ဆင်ခြင်မယ်လေနော်...စိတ်တော့မဆိုးလိုက်နဲ့ဟုတ်ပြီလား..."

"မရဘူး..ငယ့်ကိုစိတ်မဆိုးစေခြင်ရင် သူ့ကိုချက်ချင်းအလုပ်ထုတ်လ်ိုက်.."

"ဘာအပြစ်မှ မရှိဘဲချက်ချင်းထုတ်လို့မရဘူးငယ်.."

"ဘာလဲ..ကိုယ်ကအခုတော့ ငယ်တစ်ယောက်ထဲနဲ့မလုံလောက်လို့..အပျော်ရှာခြင်နေတာလား.."

"ငယ်တော်တော့....ကိုယ်ဒီထက်ပိုပြီးစိတ်မတိုခြင်ဘူးနော်..."

ကျွန်တော်ဘက်ကလေသံမာမာနဲ့ ပြောလိုက်တော့ စိတ်မကောင်းဖြစ်သွားတယ်ထင်တယ်
ငယ်ရဲ့မျက်ဝန်းထဲမှာလည်း မျက်ရည်စတွေနဲ့...

ငယ်ရဲ့ဝမ်းနည်း​နေ​တဲ့မျက်ဝန်းတွေက ကျွန်တော်ကိုအသေ သတ်နေသလိုဘဲ..
အဲ့လိုအကြည့်တွေနဲ့မကြည့်ပါနဲ့လားငယ်...

"ငယ်..ကိုယ်နည်းနည်းလေသံမာသွားတယ်.."

"ထားလိုက်တော့....ဒီနေ့ကစပြီး ကျွန်တော်ခင်ဗျားရဲ့အလုပ်ကိုမနှောင့်ယှက်တက်ဘူး.."

ငယ်💜💫..(Completed)Hikayelerin yaşadığı yer. Şimdi keşfedin