Ep13

2.5K 191 13
                                    


အချစ်ကပူလောင်စေလား...တခြားစုံတွဲတွေလက်ခြင်းတွဲပြီးပျော်မြူးနေကြချိန်ဘာလို့ကျွန်တော်တစ်ယောက်ထဲဘဲဝမ်းနည်းနေရတာလဲ.....

အမှတ်မထင်တွေ့လိုက်ရတဲ့တစ်စုံတစ်ယောက်ကိုသဘောကျမိတာကဘဲထူးဆန်းတာလားဒါမှမဟုတ်ညီဖြစ်သူရဲ့ချစ်သူကိုသဘောကျနေမိတာကဘဲမှားနေတာများလား...နေ့တိုင်းအိမ်ကိုလာနေတဲ့ကျွန်တော်ရဲ့ပထမဆုံးအချစ်ဦးဖြစ်တဲ့ညီဖြစ်သူရဲ့ကောင်လေး...ကောင်လေးဘက်ကတော့အပြုံးချိုချိုလေးနဲ့တလေးတစားဆက်ဆံပေမယ့်ဒီကကောင်ကြီးကအခုထက်ထိခံစားချက်တွေကိုမထိန်းချုပ်နိုင်သေးဘူး

ညီဖြစ်သူဂျောင်ကုကိုလည်းမနာလိုအမြဲဖြစ်မိတယ် ...အမြဲတမ်းကောင်လေးရဲ့အကြည့်တွေကောင်လေးရဲ့ယုယမှုတွေကိုတစ်ယောက်ထဲဘဲအပိုင်စားရနေလို့...တစ်သက်လုံးဂျောင်ကုပွေလိုက်ရှုပ်လိုက်လုပ်ခဲ့သမျှနောက်ဆုံးတော့ဒီလိုကောင်လေးနဲ့ဆုံတွေ့ခွင့်ရခဲ့တယ်....

ကျွန်တော်ကကော..ကျွန်တော်လည်းချစ်ရသူနဲ့အိုမင်းတဲ့အထိနေခြင်မိတယ်....

စားပွဲပေါ်တင်ထားတဲ့ဝိုင်ခွက်ကိုယူပြီးယွန်းဂီအဆက်မပြတ်သောက်နေမိသည်မူးဝေသွားရင် ဘာဘဲ ဖြစ်ဖြစ်သူ့ရင်ထဲကအချစ်တွေရပ်တန့်နိုင်မလားဆိုတဲ့စိတ်နဲ့ပေါ့..

"အစ်ကို ဘာဖြစ်လို့လဲ"

ဂျောင်ကုရဲ့အစ်ကိုဆိုတဲ့အသံကြောင့်ယွန်းဂီသောက်လက်စဝိုင်ခွက်ကိုချလိုက်သည်လူကလည်းအရမ်းမမူးသေးဘူးဆိုပေမယ့်တစ်ချက်တစ်ချက်စိတ်နဲ့လူနဲ့မကပ်

"မင်း ကိစ္စမဟုတ်ဘူး"

ညီဖြစ်သူကိုယွန်းဂီစကားအကန်တွေသာပြောနေမိသည်

"ကျွန်တော်ကိစ္စမဟုတ်တာတော့သိတယ် ဒါပေမယ့်မကြာခင်ကျွန်တော်ကလက်ထပ်ရတော့မယ်လေအခုချိန်လေးဘဲအစ်ကိုနဲ့စကားပြောခွင့်ရတာ"

ဂျောင်ကုစကားကြောင့်ယွန်းဂီပုံမှန်ထက်မျက်နှာပိုတည်သွားသည်မေ့ခြင်လို့အရက်သောက်နေပါတယ်ဆိုမှအနားလာပြီးလာဆွပေးနေသလိုဖြစ်တာကြောင့်ရင်ထဲရှိတာတွေအကုန်လုံးကိုဖွင့်ပြောမိလိုက်သည်

ငယ်💜💫..(Completed)Tahanan ng mga kuwento. Tumuklas ngayon