Ep10

2.8K 216 11
                                    


"ထယ်ထယ် မနက်စာစားမယ်လေ"

အခန်းထဲဝင်လာတဲ့ညီမဖြစ်သူကိုထယ်​ယောင်းမသိခြင်ယောင်ဆောင်လ်ိုက်သည်

"ဘာဖြစ်နေတာလဲ ထယ်ထယ်နေမကောင်းလို့လား"

စကားပြောနေရင်းနဖူးပေါ်လာတင်တဲ့ညီမဖြစ်သူရဲ့လက်တွေ

"ကိုယ်လည်းမပူပါဘူး ထယ်ထယ်ဘာဖြစ်နေတာလဲ"

ညီမဖြစ်သူရဲ့အမေးကြောင့်ထယ်ယောင်းပိုဝမ်းနည်းလာသည်အခုချိန်ထိလာမချော့သေးတဲ့ဂျွန်ဂျောင်ကုဆိုတဲ့ချစ်ရသူကိုစိတ်တိုရင်း..

"ဘာဖြစ်ရမှာလဲ ညီမလေးအောင်သွယ်ပေးတဲ့လူကြောင့်ဖြစ်နေတာ ဟွန့်"

အစ်ကိုဖြစ်သူရဲ့စကားကြောင့်Sulliပြုံးလ်ိုက်မိသည်သူ့ရဲ့အစ်ကို​ဖြစ်သူထယ်ထယ်ကအစ်ကိုဂျောင်ကုကိုစိတ်ကောက်နေတာကို.. ထယ်ထယ်မသ်ိသေးတာတစ်ခုကအစ်က်ိုဂျောင်ကုကဒီလအတွင်းထယ်ထယ့်ကိုမိဘတွေစီလာတောင်းမှာကိုပင်

Sulliလည်းအစ်ကိုဖြစ်သူကိုစခြင်တာကြောင့်စလိုက်မိသည်

"ဟုတ်တယ်နော် Sulliအထင်အစ်ကိုဂျောင်ကုကထယ်ထယ့်ကိုမချစ်တော့တာများလား"

ညီမဖြစ်သူရဲ့စကားကြောင့်ထယ်ယောင်းမျက်နှာလေးညှိုးငယ်သွားသည်

"ကဲကဲ Sulliကတမင်သက်သက်စနေတာ အစ်ကိုဂျောင်ကုကSulliရဲ့ထယ်ထယ်ကိုထားခဲ့ကြည့်ပါလား Sulliကိုယ်တ်ိုင်သူ့ကိုသွားသတ်မယ်ဟုတ်ပြီလား"

Sulliရဲ့စကား​ကြားရတော့ထယ်ယောင်း​ပျော်မိသည် ညီမ​ဖြစ်သူ Sulliကလည်းသူ့လို ဇမသေးမှန်းထယ်ယောင်းသိသည်
.
.
.
.
.
.

"ဘာပြောတယ်ဂျောင်ကု.. အဲ့တာဆိုမင်းအဲ့ကလေးကိုအတည်ကြံနေတာပေါ့ဟုတ်လား"

သူငယ်ချင်းဖြစ်သူဆော့ဂျင်ရဲ့ဂုတ်ကိုဂျောင်ကုတစ်ချက်ပိတ်ရိုက်လိုက်သည်

"တိုးတိုးပြောကွ မင်းလုပ်တာနဲ့အကုန်လုံးသိကုန်တော့မယ်"

"ဘာလဲမင်းကထယ်ယောင်းလေးကိုတိတ်တိတ်လေးလက်ထပ်ခြင်လို့လား...မဟုတ်မှမင်းထယ်ယောင်းအပြင်တခြားတစ်ယောက်ကိုပါယူဖို့ဆုံးဖြတ်နေတာလား ..မင်းတော်တော်တနှာကြီးတာဘဲ ဂျောင်ကု"

ငယ်💜💫..(Completed)Hikayelerin yaşadığı yer. Şimdi keşfedin