Ep6

3K 239 5
                                    


ဒီနေ့နဲ့ဆိုသုံးရက်တောင်ရှိပြီဟိုလူဆိုင်ကိုမလာတာနေများမကောင်းလို့လားဒါမှမဟုတ်ငါပြောလိုက်တာများလွန်းသွားလား

"ထယ်ထယ်"

"အင်းညီမလေးဘာကိတ်စရှိလို့လဲ"

"ထယ်ထယ်အတွက်ကိတ်မုန့်လာပေးတာလေ..ရေခဲမုန့်လဲပါတယ်..ထယ်ထယ့် အကြိုက်စတော်ဘယ်ရီအရသာတွေကြီးဘဲနွားနို့လည်းပါတယ် ထယ်ထယ်အားရှိအောင်လို့ ဟီး"

ထယ်ယောင်းသူ့ညီမSulliကိုမသကာ်ဖြစ်မိသည်လွန်ခဲ့တဲ့ရက်တွေထဲကSulliတစ်ယောက်ပုံမှန်မဟုတ်အရင်ထက်သူ့ကိုပ်ိုပြီးဂရုစိုက်သည်တစ်ခါတစ်လေထမင်းကအစခွံ့မကျွေးရုံတမယ်ပင်..

အခုလည်းကြည့် တစ်ကိုယ်လုံးကိုခေါင်းအစခြေအဆုံးနေရာအနှံ့ကြည့်ပြီးမှအခန်းထဲကထွက်သွားသည်

ထယ်ယောင်းSulliလာပေးတဲ့ကိတ်မုန့်ကိုစားရင်းဂျွန်ဂျောင်ကုဆိုတဲ့လူကိုဘာရယ်မဟုတ်လွမ်းနေမိပြန်သည်
.
.
.
.
.

"ထယ်ထယ် "

"အေးဟိုဆော့ ပြော"

"ထယ်ထယ်မင်းနေမကောင်းလို့လားဘာဖြစ်နေတာလဲ"

"ဟိုဆော့"

"အင်း

"ငါဂျွန်ဂျောင်ကုကိုအဲ့နေ့ကပြောလိုက်တာလွန်သွားလား"

"အင်း အရမ်းကိုလွန်တယ်"

ထယ်ယောင်းဘက်ကမျက်နှာငယ်လေးနဲ့မေးနေပေမယ့်ဟိုဆော့ဘက်ကတော့ပြတ်သားစွာပြန်​ဖြေလိုက်သည်

"အခုဒီရက်ပိုင်းငါစီနီယာကိုတစ်ခါမှမတွေ့ဘူးအတန်းတောင်တက်ကောတက်ရဲ့လားမသိဘူး ထယ်ထယ်ဆိုတဲ့လူရဲ့ကောင်းမှုကြောင့်လေ"

"ငါသူ့ကိုတောင်းပန်ခြင်တယ် ဟိုဆော့ငါဘယ်လိုလုပ်ရမလဲ"

"သူ့သူငယ်ချင်းစီနီယာဆော့ဂျင်စီမှာသူ့
ဖုန်းနံပတ်မေးကြည့်လိုက်လေ"

"မမေးနိုင်ပါဘူးငါကဘာလို့သူ့နံပတ်သွား
မေးရမှာလဲ"

"မင်းကလေအခုထက်ထိမာနမထားသင့်တာကိုမာနာတွေထားနေတယ်"

"မသိတော့ဘူးကွာစိတ်ရှုပ်လာပြီ"

အခုအချိန်ထိမာန ကိုသာရှေ့တန်းတင်​
​နေတဲ့သူ့သူငယ်ချင်းကိုကြည့်ရင်းဟ်ိုဆော့သက်ပြင်းချလိုက်မိသည် မချစ်တာလည်းမဟုတ်မကြိုက်တာလည်းမဟုတ်စီနီယာဂျောင်ကုမလာရင်
တစ်ဆိုင်လုံးတွင်အမျှော်ဆုံးလူကသူပင်
စီနီယာမှာစားတဲ့ကြက်ကြော်ကအစ အသေးစိတ်လိုက်လုပ်ပေးနေတဲ့လူကလဲသူဘဲ ဒါတောင်အခုထက်ထိကိုယ့်ကိုကိုယ်ညာခြင်နေတုန်းဘဲလားထယ်ထယ်
.
.
.
.
.

ငယ်💜💫..(Completed)Where stories live. Discover now