Ep7

2.9K 239 3
                                    


"မကျေနပ်ဘူးလုံးဝကိုမကျေနပ်ဘူး ထယ်ထယ်အခုအစ်ကိုဂျောင်ကုကိုသွားတောင်းပန်မလားမတောင်းပန်ဘူးလား ပြော"

အခန်းထဲသို့တံခါးမခေါက်ဘဲရုတ်တရက်ဝင်လာ သည့်Sulliကြောင့်ထယ်ယောင်း လန့်သွားသည်

"ထယ်ထယ်..အခန်းထဲဝင်​ခြင်ရင်တံခါးခေါက်လေဘာလို့ဒီတိုင်းဝင်လာတာလဲထယ်ထယ်တို့က ကလေးတွေမဟုတ်တော့ဘူးညီမ​လေးတစ်ခုခုမြင်သွားရင်ဘယ်လိုလုပ်မလဲ"

"အခုချက်ချင်းအစ်ကိုဂျောင်ကုကိုတောင်းပန်လိုက်"

"ဘာလို့ထယ်ထယ်ကတောင်းပန်ရမှာလဲထယ်ထယ်ဘာအမှားမှမလုပ်ထားဘူး"

ခိုင်းတဲ့အတိုင်းမလုပ်တဲ့အပြင်ဘုဆက်ဆက်ပြောလာသောထယ်ယောင်းနားရွက်ကိုSulliလိမ်ဆွဲလိုက်သည်

"အား...နာတယ်နာတယ် မေမေရေလုပ်ပါအုံးထယ်ထယ့်ကိုအနိုင်ကြင့်နေတယ်"

"စစ်ကူခေါ်မနေနဲ့ မေမေတို့ကိုSulliအကုန်ပြောပြ ပြီးပြီ ဖေဖေနဲ့မေမေကလည်းအစ်ကိုဂျောင်ကုကိုတောင်းပန်ခိုင်းလိုက်တယ်ထယ်ထယ်ဒီလိုဆက်လုပ်နေရင်Sulli ထယ်ထယ်နဲ့အတူမနေတော့ဘူး"

ညီမဖြစ်သူရဲ့စကားကြောင့်ထယ်ယောင်းမျက်ရည်တွေချက်ချင်းဝဲတက်လာသည်
ဒီလိုစကားမျိုးကိုSulliမပြောသင့်မှန်းသိပေမယ့်စောနကအစ်ကိုဂျောင်ကုကိုထိုးလိုက်တဲ့မြင်ကွင်းကိုSulliအားလုံးမြင်လိုက်သည်ထက်ပြီးငြိမ်နေရင်ပိုဆိုးလာတော့မယ့်အခြေအနေ
ဖြစ်တာကြောင့်ထယ်ထယ်ကိုအကြပ်ကိုင်လိုက်မိသည်

"ဟင့်..ဟင့်..ထယ်ထယ်တောင်းပန်ပါတယ်နော်ခုဏကညီမလေးကိုဆူလိုက်တာကညီမလေးကိုအဲ့လိုလူမျိုးနဲ့သဘောမတူနိုင်လို့ပါ
ထယ်ထယ်ကတိပေးတယ်ညီမလေးဘယ်သူ့က်ိုဘဲ ကြိုက်ကြိုက်ထယ်ထယ်မတားဘူးဒါပေမယ့်သူနဲ့တော့လုံးဝမဖြစ်ဘူးညီမလေး အဲ့ဂျွန်ဂျောင်ကုဆိုတဲ့လူကလူကောင်းမဟုတ်ဘူး"

"အစ်ကိုဂျောင်ကုကလူကောင်းမဟုတ်ဘူးဆိုရင်Sulliကိုအစထဲကရိသဲ့သဲ့လုပ်မှာပေါ့အခုကထယ်ထယ့်ကိုကြိုက်လို့သာထယ်ထယ့်
အလုပ်လုပ်နေတဲ့ဆိုင်ကကြက်သားကြော်တွေကိုနေ့တ်ိုင်းလာစားတာမဟုတ်ဘူးလား"

ငယ်💜💫..(Completed)Unde poveștirile trăiesc. Descoperă acum