Ep17

2.1K 188 10
                                    

"၃နှစ်ခန့်ကြာသော်"

နှစ်တွေ လတွေ သာအလီလီပြောင်းလဲလာတယ်ကျွန်တော်နဲ့ငယ်ရဲ့အချစ်ခရီးကတော့ဘယ်တော့မှမရပ်တန့်ခဲ့ဘူး....ရပ်တန့်လို့လဲရမယ့်ပုံလည်းမပေါ်ဘူးထင်ပါရဲ့...

ငယ်နဲ့တွေ့တိုင်းရင်ခုန်တက်တဲ့ကျွန်တော်ရဲ့ဘယ်ဘက်ရင်အုံအောက်က နှလုံးသားကိုကျွန်တော်အံ့သြမိတယ်...

ငယ်ကဘဲကျွန်တော်ကိုပြုစားလွန်းတာလားဒါမှမဟုတ်ကျွန်တော်ကိုယ်တိုင်ကဘဲ ငယ့်ရဲ့အချစ်နွံထဲမှာနစ်မြောနေမိတာလား....

ရင်ခွင်ထဲရောက်နေတဲ့အဆိုးလေးကိုဂျောင်ကုချစ်မဝဖြစ်နေပြန်သည်ချစ်ရသူကတော့ကိုယ်အလုပ်လုပ်နေတဲ့ကုမ္ပဏီထိလာပြီးချွဲနေရှာတယ်

"ငယ်..."

"အင်းပြောလေ"

"ကိုယ်တို့လက်ထပ်ရအောင်"

ခုဏလေးတင်စကားများပြီးစိတ်ဆိုး​နေကြပေမယ့်အခုချက်ချင်းလက်ထပ်ဖို့ပြောလာတဲ့ဂျောင်ကုကိုထယ်ယောင်းအံ့သြတကြီးကြည့်နေမိသည်

"ဖြေအုံးလေ ငယ်..ဘာလဲကိုယ်နဲ့လက်မထပ်ခြင်လ်ို့လား"

ဂျောင်ကုအမေးကြောင့်ထယ်ယောင်းချက်ချင်းခေါင်းခါလိုက်သည်

"အဲ့တာဆိုကိုယ့်ကိုလက်ခံတယ်ပေါ့နော်"

"ဒါပေမယ့် ထယ်ထယ်ကအခုထက်ထိအလုပ်အကိုင်မရှိသေးဘူးလေ "

ရင်ခွင်ထဲကအချွဲလေးရဲ့စကားကြောင့် ဂျောင်ကုအသည်းယားလာမိ​ပြန်သည် တစ်နေ့တစ်နေ့စားလိုက်အိပ်လိုက်လုပ်နေလို့ဖောင်းကားနေတဲ့ပါးနုနုလေးကို ဂျောင်ကုဆွဲကိုက်လိုက်သည်

"အား..လူကြီးဘာလုပ်တာလဲ မျက်နှာမှာသားရေတွေပေကုန်ပြီ"

"ငယ်ကချစ်ဖို့ကောင်းတာကို ဘာလဲငယ်က
ကိုယ့်သားရေတွေကိုရွံလို့လား"

"မရွံပါဘူး....ဘယ်သူကရွံတယ်လို့ပြောမိလို့လဲ

"ဟုတ်ပါပြီဗျာ..သူကလည်းစိတ်ကြီးဘဲ..အာဘွား..မွစ်.."

"ချစ်တယ်နော်..ငယ့်ကိုလည်းချစ်တယ်မလားဟင်.."

ကျွန်တော်ငယ့်ရဲ့အမေးကိုခေါင်းသာငြိမ့်ပြလ်ိုက်သည်..ကျွန်တော်မပြောလဲငယ်သိမှာပါ..ကျွန်တော်ဘယ်လောက်ထိသူ့ကိုချစ်တယ်ဆိုတာ...
.
.
.
.
.
.
.
၄လခန့်ကြာသော်အခါ...

ငယ်💜💫..(Completed)Hikayelerin yaşadığı yer. Şimdi keşfedin