Ep9

2.7K 220 5
                                    


ဂျွန်ဂျောင်ကုဆိုတဲ့လူနဲ့ချစ်သူဖြစ်တာဒီနေ့နဲ့ဆိုတစ်ပတ်ပြည့်ပြီ ကျွန်တော့်အပေါ်ထင်ထားတာထက်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးရှာပါတယ် ဘယ်သွားသွားဘာလုပ်လုပ်အနားမှာတောက်တဲ့လိုလိုက်ကပ်နေတာကလွဲရင်ပေါ့

  သဝန်တိုတာကလည်းလွန်ပတွေ့သမျှလူနဲ့သဝန်တိုတယ် သူငယ်ချင်းဖြစ်တဲ့ဂျီမင်တို့ဟိုဆော့တို့နဲ့အပြင်လျှောက်လည်ရင်တောင်သူမပါရင်မသွားစေခြင်ဘူးတဲ့ ..အဲ့လောက်ထိကျွန်တော်ကိုသူချုပ်ချယ်တယ်


တက္ကသိုလ်ဝန်းတစ်ခုလုံးကလူတွေကလည်းကျွန်တော့်စီမှာဂျွန်ဂျောင်ကုကိုဒီလိုဖြစ်အောင်လုပ်နိုင်တဲ့ပီယဆေးတွေဘာတွေများရှိလားဆိုပြီးခဏခဏလာမေး​ကြတယ် သူတို့မေးလဲမေးခြင်စရာကျွန်တော့်ချစ်သူကလဲကျွန်တော်ချစ်သူပါဘဲ

ကင်ထယ်ယောင်းဆိုတဲ့ကျွန်တော်ကသူ့ရဲ့ကလေးလေးတစ်ယောက်လိုပြုမူဆက်ဆံတာကိုခံရတယ် ဒါပေမယ့်ကျွန်တော်ပျော်တယ်

ဟောအခုလည်းကြည့်ရုတ်တရက်ကြီးသူ့မိဘတွေနဲ့ပေးတွေ့ခြင်တယ်ဆိုပြီးပြောလာပြန်တယ်ချစ်သူဖြစ်တာတစ်ပတ်လောက်ဘဲရှိတာက်ိုယောက္ခမဖြစ်သူကိုသွားတွေ့တာအဆင်ပြေနိုင်ပါ့မလား

"အင့်"

ထယ်ယောင်း အတွေးပေါင်းစုံတွေး​နေတုန်းအနောက်ကနေအဖက်ခံလိုက်ရတာကြောင့် ထယ်ယောင်းကိုယ်လုံးလေးထိုလူရင်ခွင်ထဲနစ်မြုပ်သွားသည် ဘယ်သူလဲဆိုတာလှည့်ကြည့်စရာမလိုလောက်အောင်ဂျောင်ကုရဲ့ကိုယ်သင်းရနံ့ကိုသူသိသည်

"ငယ်လေး ဘာတွေစဥ်းစားနေတာလဲဟင် က်ိုယ့်အကြောင်းလား"

တွေ့လားသူအမြဲတမ်းကိုယ့်ရဲ့စိတ်ကိုဖတ်န်ိုင်လွန်းတယ်

"ခင်ဗျားကြီး အကြောင်းကိုစဥ်းစားနေတယ်လို့ဘယ်သူပြောလဲ "

ထယ်ယောင်းအဖြေကြောင့်ချစ်ရသူရဲ့ပုခုံးပေါ်မျက်နှာတင်ပြီးအနောက်ကနေနှုတ်ခမ်းကြီးဆူထွက်လာတဲ့ဂျောင်ကု

"ငယ်လေး မကောင်းဘူးက်ိုယ်မှာတော့ငယ်လေးအ​ကြောင်းတွေဘဲအချ်ိန်ပြည့်တွေးနေတာငယ်လေးကတော့ကိုယ့်အကြောင်းနည်းနည်းလေးတောင်မတွေးဘူး"

ငယ်💜💫..(Completed)Donde viven las historias. Descúbrelo ahora