Ep2

6K 393 8
                                    

"ထယ်ထယ်..ထယ်ထယ်ထတော့လေ"
ကုတင်တစ်ခုလုံးပွကြဲ​နေပြီးဇောက်ထိုးအိပ်နေသောထယ်ယောင်းကိုSulliအတင်းန်ိုးနေသည်တစ်ခါတစ်လေသူစဥ်းစားမိတာကထယ်ထယ်ကသူ့အစ်ကိုလားသူကထယ်ထယ့်ရဲ့အစ်မလားဆိုတာကိုပင်..
အတွေးတွေကိုချက်ချင်းရပ်ပြီးအိပ်ယာကမထသောအစ်ကိုရဲ့လုံးထွက်နေတဲ့ဖင်ကိုခြေထောက်နဲ့စောင့်ကန်လိုက်သည်
"အားးး.."
ရုတ်တရပ်အကန်ခံလိုက်ရသောကြောင့်ထယ်ယောင်းခပ်မြန်မြန်ကုန်းထသည်
"အခုထမလားမထဘူးလားဒီထက်မနာခြင်ရင်ရေသွားချိုးတော့သွား."
အငယ်ဆုံးညီမရဲ့စကားကြောင့်ခေါင်းတချက်ငြိမ့်ပြီးချက်ချင်းရေချိုးခန်းထဲသို့ပြေးသွားသည်သူ့ညီမသူ့အပေါ်ဒီလိုဆက်ဆံတာကိုထယ်ယောင်းပျော်မိသည်သူလိုခြင်တာဒီလိုမောင်နှမမျိုး..တခြားသူအမြင်မှာသူ့ညီမကဆိုးခြင်ဆိုးလိမ့်မယ်သူ့အတွက်ကတော့သူ့ညီမကသူ့ရဲ့သူငယ်ချင်းလိုညီအစ်ကိုတစ်ယောက်လိုညီမ​လေးတစ်ယောက်လိုပင်
ထူးခြားတာတစ်ခုကသူ့ညီမကBL Shipperကြီးတခြားမိန်းကလေးတွေလိုKpop idolတွေဘာတွေကိုသူကစိတ်မဝင်စားဘဲကောင်လေးခြင်းဖက်တဲ့ပုံတွေတစ်ယောက်နဲ့တစ်ယောက်အကြည်စိုက်နေတဲ့ပုံတွေကိုအခန်းနံရံတွေမှာကပ်ထားလေ့ရှိသည်အဆိုးဆုံးကသူနဲ့ဟိုဆော့လမ်းအတူတူတွဲလျှောက်ရင်အနောက်ကနေဓာတ်ပုံခိုးရိုက်သည်မုန့်စား​နေရင်လဲဒီအတိုင်းဘဲ

တစ်ခါတစ်လေအဆ်ိုးလေးကကျွန်တော်ကိုမိန်းမတွေနဲ့သဘောမတူဘူးတဲ့လေသူသဘောကျရတဲ့ကျွန်တော့်ရည်းစားဖြစ်မယ့်သူကကျွန်တော်နဲ့မတွေ့ခင်ပွေရှုပ်ပြီးကျွန်တော်နဲ့တွေ့မှအချိုးပြောင်းတဲ့သူမျိုးတဲ့ဒီငရှုပ်မလေးကတော့ကျွန်တော်ကိုယောကျာ်းလေးတစ်ယောက်နဲ့လည်းတွဲခိုင်းသလိုကျွန်တော်မတွဲခြင်တဲ့လူနဲ့လည်းတွဲခိုင်းမဲ့ပုံပါဘဲ
ထယ်ယောင်းညီမအကြောင်းတွေးနေရင်းရေချိုးပြီးလို့အိမ်အောက်ထက်ကိုဆင်းလာသည်

"ထယ်ထယ်နိုးပြီလား"
ထမင်းစားပွဲခုံမှမနက်စာစားရန်အဖေနဲ့အမေညီမလေးကောအကုန်ကျွန်တော်ကိုစောင့်​နေကြသည်
"နိုးပြီမေမေ"
"ထယ်ထယ်ဒီနေ့သားတက္ကသိုလ်ပထမဆုံးတက်မှာနော်စာလည်းကြိုးစားအုံး"
"ဖေကြီးကလည်းသမီးအစ်ကိုထယ်ထယ်ကစာမတော်ပေမယ့်စာကြိုးစားမှာပါနော်
ထယ်ထယ်ဟုတ်တယ်မလား"

ငယ်💜💫..(Completed)Where stories live. Discover now