Ep11

2.6K 217 10
                                    

ကားမောင်းလာတဲ့တစ်လျှောက်လုံးဘေးမှာထိုင်နေတဲ့ချစ်ရသူကိုဂျောင်ကုသတိထားမိသည် အရင်လိုလန်းလန်းဆန်းဆန်းဖြစ်မနေဘဲမှိုင်တိုင်တိုင်​ဖြစ်နေတဲ့ထယ်ယောင်းကိုကြည့်ပြီးချစ်ရသူဘာများဖြစ်နေလဲဆိုတာသိလိုတာကြောင့်မေးလိုက်သည်

"ငယ်လေးဘာဖြစ်နေတာလဲ"

"ဘာဖြစ်ရမှာလဲခင်ဗျားမှကျွန်တော်လိုမခံစားဘူးတာ..ကိုယ့်ယောက္ခမကိုသွားတွေ့ရင်တော့လူတိုင်းကြောက်ကြတာဘဲ"

"ဟားး..ဟားး..."

"ဟာ..ငယ့်ကိုရယ်တယ်ပေါ့"

ဂျောင်ကုအားရပါးရရီလိုက်တော့မထင်မှတ်ဘဲထိုးလာတဲ့ချစ်ရသူရဲ့မျက်စောင်းတွေ....

ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်တဲ့ကလေးလေးလဲကျန်တဲ့အချိန်တွေဆိုလူကြီးတစ်ယောက်လိုဆိုက်မျိုးဖမ်းတက်ပေမယ့်ယောက္ခမဖြစ်မယ့်သူနဲ့တွေ့ရမှာကျတော့ကြောက်နေတယ်တဲ့လေ

"ငယ်လေးရယ်..ကိုယ့်မိဘတွေကငယ်လေးကိုချစ်ပြီးသားပါ..ဘာလို့အဲ့လောက်ထိစိတ်ပူနေရတာလဲ "

"ဒါပေမယ့်ငယ်ကြောက်တယ်"

"အာရီဂူး...ချစ်ဖို့ကောင်းလိုက်တာကွာကိုယ်ကားမောင်းနေလို့သက်သာသွားတယ်နောက်မလို့ဆိုရင်ဟင်း..ဟင်း"

"ဘာကိုဟင်း..ဟင်း လဲ ခင်ဗျားကြီးနော်လက်တောင်မထပ်ရသေးဘူးအခုထဲကဇာတိတွေပြနေပြီမုန်းဖို့ကောင်းလိုက်တာ..ဟွန့်.."

"ကိုယ်ကစတာပါငယ်လေးရယ် ကိုယ်ငယ့်ကိုဘယ်လောက်ထိတန်ဖိုးထားလဲငယ်အသိဆုံးလေ..အခုလဲဘာမှစိတ်မပူနဲ့ကိုယ်တစ်ယောက်လုံးရှိတယ်ဟုတ်ပြီလား"

"အင်း.. ငယ်ခင်ဗျားကြီးကိုချစ်တယ်သိလား"

"ကိုယ်လဲငယ်လေးကိုအရမ်းချစ်တယ်"

ကားလေးထဲကလူသားနှစ်ယောက်ကတော့တစ်ယောက်ကိုတစ်ယောက်ချစ်ကြောင်းအပြန်အလှန်ပြောမိရင်းရှေ့ဆက်ရမယ့်အနာဂတ်အတွက်ပါစိတ်ကူးနေရင်းပျော်ရွှင်နေကြသည်
.
.
.
.
.
.
.

"မာမီ သားချစ်သူကိုခေါ်လာတယ်"

"ဟုတ်လားဘယ်မှာလဲမာမီသမက်လေး"

ငယ်💜💫..(Completed)Donde viven las historias. Descúbrelo ahora