Episode 8

862 106 0
                                    

                      [Unicode]​
ခဏအကြာငိုလို့ဝတော့
Chaeyoungအိမ်ကိုလမ်းလျှောက်ပြန်လာခဲ့တယ်။

အိမ်ရှေ့ပြန်ရောက်တော့ သူ့ဝယ်လာတဲ့ပစ္စည်းတွေကဒီ
အတိုင်းရှိနေသေးတယ်။
ဒါကြောင့်​Jisoo​ဒီကိစ္စကိုမသိသေးဘူးဟုထင်၍
သက်ပြင်းချလိုက်မိသည်။

ပစ္စည်းတွေယူပြီး​အိမ်ထဲဝင်လာတော့Jisooက
ဧည့်ခန်း​မှာ​စာအုပ်ဖတ်နေဆဲ......

"ပြန်ရောက်ပါပြီ....."

"စျေးသွားဝယ်တာ 3နာရီကျော်တောင်ကြာတယ်..."

"အင်းဟုတ်တယ်​ အပြန်ကားမှာစီးမိသေးလို့...."

"နင်ငိုထားတာလားChaeng...."

"အာ​အဲ့တာ​ အန်တီParkဖုန်းဆက်တယ်လေ
အဲ့နားကပန်းခြံထဲမှာထိုင်ဖုန်းပြောရင်း
အိမ်ကိုသတိရလို့ငိုလိုက်မိတာ....."

"အော်....... "

"​အင်း​ အဲ့တာဆိုငါအထဲဝင်အုံးမယ်.... "

"​အင်း...... "

Chaeyoung​လည်းပစ္စည်းတွေနဲ့အထဲဝင်လာခဲ့တယ်။

*နင်ငါ့ကို လိမ်​ပြန်ပြီ.... Chaeng....... *

                  *  Throwback *

Chaeyoung​စျေးသွားဝယ်နေတုန်းJisooလည်း
ဝန်ရံတာနားမှာစာထိုင်ဖတ်နေခဲ့တယ်။

ခဏအကြာအညောင်းအညာပြေအောင်ကျောထဆန့်တော့ ဝန်ရံတာကနေ​ လှမ်းပြီးတော့ ပြန်လာတဲ့Chaeyoung​ကိုမြင်ရတယ်။
အထုပ်ကူသယ်ပေးပြီးအောက်ဆင်းခါနီး
Chaeyoung​ရဲ့​အနောက်ကနေ​ ကားတစ်စီးရပ်လိုက်တာကိုတွေ့လိုက်တယ်။

ထို့နောက်ကားပေါ်ကလူနဲ့Chaeyoungစကား
ပြောနေတာကို​Jisoo​ တွေ့တယ်။

ထို့အပြင်ကားပေါ်ဆင်းလာသူကအခြားမဟုတ်
Jennie Kim ပင်။
Jennie KimကChaeyoungကို​ကားထဲ
ဆွဲသွင်းပြီးမောင်းထွက်သွားတာကို သူအကုန်မြင်ခဲ့သည်။

                      ××××

ညစာစားချိန်ရောက်တော့​Jisooနဲ့Chaeyoung
နှစ်ယောက်စလုံးငြိမ်နေသည်။

"ဘယ်လောက်အထိဆက်လိမ်ချင်သေးတာလဲ
Chaeng?"​

အစမရှိအဆုံးမရှိထပြောလိုက်တဲ့Jisooကြောင့်
Chaeyoungလန့်ရပြန်သည်။

Jejudo's​ Story Where stories live. Discover now