Episode 1

1.4K 122 1
                                    

[Unicode]

အေးမြတဲ့လေ​ လန်းဆန်းစေတဲ့ရနံ့
ကြည်လင်နေတဲ့ရေပြင်ကြီး
သဘာဝတရားဟာ တကယ်တော့သိပ်ကိုလှပတယ်၊၊၊၊၊

သဘာဝရဲ့ပင်လယ်ပြာကြီးကတော့ဂျယ်ဂျူးကျွန်းရဲ့
အမှတ်အသားပေါ့......

သာယာလှတဲ့ဂျယ်ဂျူးကျွန်းမှာ လူတွေက​သူတို့
ပင်ပန်းသမျှကို လာအပန်းဖြေလေ့ရှိကြတယ်။
နိုင်ငံခြားခရီးသည်တွေရောပဲ.....

အခုရာသီကနွေရာသီဆိုတော့
ခရီးသွားတွေနှစ်ဆလောက်များပြီး​Hotel
တွေကလည်း​Bookingပြည့်သလောက်ကိုဖြစ်နေပြီ။

ကျွန်မနာမည်က​ Park Chaeyoung​
(Rosèလိုလည်းခေါ်ကြပါတယ်)​

ကျွန်မကJejuမှာရှိတဲ့ Alice annè Motel
ပိုင်ရှင်ရဲ့တူမပေါ့။

မိဘတွေမရှိတော့တဲ့ကျွန်မကို အန်တီParkက
တစ်ယောက်ထဲသမားဆိုတော့ကျွေးမွေးစောင့်ရှောက်
ထားခဲ့တာ​ကျွန်မအသက်16နှစ်လောက်ကတည်းက
ဆိုပါတော့.......

Motelဖွင့်ထားတယ်ဆိုပေမယ့်မချမ်းသာပါဘူး
သာမန်အလယ်အလတ်လူတန်းစားထဲမှာပဲပါပါတယ်။
Motelက ရိုးရိုးသုံးထပ်အိမ်လေးကိုဖွင့်ထားတာ
ဘေးဘက်မှာတော့တစ်ထပ်အိမ်နှစ်လုံးနဲ့
စားဖိုဆောင်ရှိတယ်။
ကျွန်မတို့ကအဲ့မှာနေတာပေါ့....
Motelကသိပ်အဆင်ပြေလှတယ်တော့မဟုတ်
လူများတဲ့ရာသီဆိုရင်တော့နည်းနည်းပြေလည်တာပေါ့
သာမန်ရာသီဆိုရင်ပေါပေါပဲပဲနေနိုင်တဲ့လူအနည်းစုသာ
လာရောက်တည်းခိုလေ့ရှိတယ်။
Motelမှာဝန်ထမ်းဆိုလို့ ကျွန်မနဲ့အန်တီParkအပါအဝင်စုစုပေါင်း4ယောက်.....
ထမင်းချက်​ အိမ်ရာခင်းစတဲ့ကိစ္စတွေလုပ်ပေးတဲ့Sonji
ဆိုတဲ့အဒေါ်ကြီးရယ်​ခြံရှင်းဘာရှင်းလုပ်တဲ့Hee Joo
ဆိုတဲ့ကောင်လေးရယ် ဒါပါပဲ.....

ဂျယ်ဂျူးကျွန်းကြီးကိုကျွန်မသိပ်ချစ်တယ်​အရမ်းလှတယ်
ဒါပေမယ့်​ ဒီလောက်လှတဲ့သဘာဝတရားကြီးကိုလူတွေက
ဘာလို့အပန်းဖြေစရာလို့သတ်မှတ်ကျတာလဲ
ခဏလေးအပန်းဖြေပြီးရင်ပြန်သွားကြရော
သူတို့အသိထဲမှာဒီနေရာရဲ့အလှအပလေးကခဏလေးရယ်

"Chaeyoungရေ...."​

*အား​ အန်တီParkရဲ့အသံပဲ
ဘာခိုင်းအုံးမလို့လဲမသိဘူး
ခိုင်းမှာဆိုးလို့ရှောင်နေပါတယ်ဆိုမှ*

Jejudo's​ Story Where stories live. Discover now