[Unicode]
ပင်လယ်ပြင်ကိုမျက်နှာမူလျက် Jisooတစ်ယောက်
ရပ်နေခဲ့တယ်။အရာအားလုံးထဲမှာ ငါအတွက်တရားမျှတမှုနည်းနည်းတောင်မရှိခဲ့ဘူးနော်
Chaeng....ငါ့ခံစားချက်တွေကိုတောင်နင်မသိသွားဘူးလေ
ငါထင်ခဲ့တယ်နင်သာငါနဲ့နိုင်ငံခြားကိုလိုက်ဖို့ဆုံးဖြတ်ခဲ့ရင်
နင့်သူကိုစိတ်ကုန်သွားတာမို့လို့ပဲလို့။ငါ့အထင်မှားခဲ့တာပဲနင်ငါနဲ့လိုက်ဖို့ဆုံးဖြတ်ခဲ့ပေမယ့်
နင်သူ့ကိုစိတ်မကုန်ဘူး။ နင့်သူ့ကိုစိတ်မနာခဲ့ဘူး။
နောက်ဆုံးအချိန်အထိ...နင်ဟာတကယ်မကောင်းဘူး ငါ့အတွက်အခွင့်အရေးနည်းနည်းလေးတောင်
နင့်ရင်ထဲမှာ ငါအတွက်သူငယ်ချင်းဆိုတာနေရာထက်
နည်းနည်းလေးတောင်ပိုမပေးခဲ့ဘူးနော်။နင်သူ့ကိုအသက်ပေးပြီးချစ်ပြလိုက်တာ
နောက်ဆုံးအချိန်အထိငါ့တစ်ဘဝလုံးသူ့ကိုရှုံးကြောင်း
ပြလိုက်တာပဲ..... နင်ကတကယ်မကောင်းတဲ့လူ။
အသက်ပေးပြီးချစ်ပြလိုက်ရတာ ပျော်ရဲ့လား
အချစ်သူရဲကောင်းမကြီးရယ်.....လက်ထဲကလက်စွပ်လေးကို ပင်လယ်ထဲသို့လွတ်ပစ်လိုက်တယ်။
နင်အတွက်ရည်ရွယ်ခဲ့တဲ့အရာမို့ အခုတော့ပိုင်ရှင်မဲ့သွားတာမို့ သွားပေပေါ့
ဒီဂျယ်ဂျူးပင်လယ်ကြီးရဲ့ အောက်ခြေမှာသာ
အပြီးတိုင်မြုပ်နေပေတော့.....Jisooဟာကမ်းစပ်ကိုလျှောက်လာရင်း
ပင်လယ်ပြင်ကိုမျက်နှာမူပြီးရပ်ထားတဲ့Wheelchair လှည့်လိုက်ပြီး Wheelchair ပေါ်ကလူကိုပြောလိုက်တယ်။"ပြန်ကြရအောင်...."
Wheelchair ပေါ်ကမိန်းကလေးဟာ လူကောင်သေးသေး နက်မှောင်တဲ့ဆံသားတွေနဲ့
ပါးဖောင်းဖောင်းလေးတွေနဲ့နှုတ်ခမ်းအတွင်းသားနီနီရဲရဲ
ပြီးတော့မျက်ခွံပေါ်မှာမှဲနက်လေးရှိခဲ့တယ်။
ပါးဖောင်းဖောင်းလေးတွေနဲ့နှုတ်ခမ်းအတွင်းသားနီနီလေးတွေဟာရယ်နေရင်းသိပ်လှမှာပါ။ သို့သော် ထိုမိန်းကလေးမျက်နှာဟာ အသက်မဲ့လျက်
ရင်ဘတ်မှာ စာအုပ်ငယ်တစ်ခုကိုပွေ့ဖက်ထားကာ