Episode 12

921 112 3
                                    

                  [Unicode]

"နင်​ ရူးသွားပြီလား..... Park Chaeyoung.......
သူက​အိမ်ထောင်ရှိပြီသားလေ........
သူ့ရဲ့​အပျော်ရည်းစားအဖြစ်ခံနေတာလား....."

Sooရဲ့စကားတွေက သိပ်ကိုပြင်းထန်လွန်းတယ်
ဒါပေမယ့်​အမှန်တရားတွေဖြစ်နေတာကခက်တယ်.....

"ငါကရော အဲ့လိုဖြစ်ချင်လို့အဖြစ်ခံနေတယ်လို့
နင်ထင်နေတာလားSoo.......
ငါ..... သူ့ကိုချစ်မိသွားတာ.....
နောက်ဆုတ်ဖို့ကြိုးစားခဲ့ပင်မယ့်​ငါကလေ သူမရှိရင်မနေနိုင်တော့ဘူးဟ"

ချစ်မိသွားတာတဲ့လား
နင်နဲ့ပတ်သက်တဲ့စိတ်ခံစားမှုကဘာလဲဆိုတာငါ့ကိုယ်တိုင်သိရှိသွားပြီးတဲ့အချိန်မှာမှ နင်ကအခြားသူကိုချစ်မိသွားတာတဲ့လား

"​အသိမိတ်ဆွေတောင်မရှိဘဲ ဂျယ်ဂျူးကနေ ဆိုးလ်ကိုရောက်လာတာ
သူ့ရဲ့လာခဲ့ပါဆိုတဲ့စကားတစ်ခွန်းနဲ့တင် ငါက​သူ့မျက်နှာတစ်ကမ္ဘာလို့သတ်မှတ်ပြီး​ဒီကိုတောင် ရောက်လာခဲ့တာ
ငါကရော​ ဒီလို​ဘဝကြီးမှာနေရတာပျော်တယ်လို့ နင်ထင်နေတာလားSoo....."​

Chaeyoung​ခံစားချက်တွေအကုန်ဖွင့်ထုတ်လိုက်ပြီး
ချုန်းပွဲချငိုလိုက်မိတော့တယ်။

Chaeyoung​ငို​နေတာကို​Jisooမကြည့်ရက်ပါ။
သိတယ်မလား​ ကိုယ်ချစ်ရတဲ့သူငိုတဲ့အခါ
ကြည့်နေရတဲ့ကိုယ်ကပိုနာကျင်ရတယ်ဆိုတာကို

"​ငါ့စကားတွေလွန်သွားခဲ့ရင်တောင်းပန်ပါတယ် Chae.....​"

"​Sooနင်ငါ့ကိုမမုန်းဘူးမလား
နင်​သိလား​လောကမှာ​ငါယုံကြည်ရတဲ့လူက အန်တီParkပြီးရင် နင်ပဲရှိတယ်​Soo......"

"ငါပြောဖူးတယ်မလား လူတစ်ယောက်ကိုငါမုန်းတိုင်း
နင်လိုက်မုန်းစရာမှမလိုတာလို့......
တစ်ခုပဲ ငါကနင့်ကိုမခံစားရစေချင်တာ...... "

"​Soo​ ya...... "

Chaeyoung​လည်း​Jisooကိုထပ်ဖက်လိုက်ပြီး

"​တောင်းပန်ပါတယ်.....နင်မုန်းတဲ့လူကိုငါကချစ်ခဲ့မိလို့
ကျေးဇူးတင်ပါတယ်.... ငါ့ကိုမုန်းမသွားလို့.....​"

Jejudo's​ Story Where stories live. Discover now