[Unicode]
စာလည်းမပြန် ဖုန်းလည်းပြန်မဆက်သောကြောင့်
Jennie Chaeyoungရဲ့ကျောင်းသို့လိုက်လာခဲ့သည်။"မတွေ့တာကြာပြီနော် Jisoo"
"မတွေ့ရတာကြာလို့
အခုတွေ့ရလည်းကျက်သရေမရှိတာအရင်လိုပဲနော် Jenie Ruby Jane...""တို့လည်းမင်းနဲ့အတူတူပါပဲ Jisoo.... အော်ဒါနဲ့
မင်းအမေ ပြန်ရောက်နေတာသိရဲ့ လား..."နှစ်ယောက်သားကို ကျောင်းသူအတော်များ
အာရုံစိုက်ကြည့်နေလေသည်။
အချိန်နည်းနည်းကြာသွားလျှင်
ဒီကျောင်းမှာဂယက်ထသွားနိုင်သည်။"Jennie Unnie!!!!!"
"Chaeyoung... အတော်ပဲUnnieက
Chaeyong ကိုတွေ့ဖို့လာတာ""Unnieကိစ္စရှိလို့လား?"
"တစ်နေရာသွားပြောရအောင်လေ
နေ့လည်စာစားရင်းပေါ့"Jisooရဲ့မျက်နှာအနေအထားက
ပေါက်ကွဲခါနီး ချိန်ကိုက်ဗုံးလိုပင်။
Chaeyoung Jisooကိုလှည့်မကြည့်ရဲ။
အရေးကြီးတာကအခုနေရာက သူတို့နှစ်ယောက်
ထဲကတစ်ယောက်ကိုဆွဲထုတ်သွားဖို့ပင်ဖြစ်သည်။"အင်းသွားကြတာပေါ့......."
"Jisoo shi ညနေအိမ်ကိုအရင်ပြန်နှင့်ပါ
ညစာစားချိန်အမှီchae ပြန်လာပါ့မယ်"Jisooဆီကဘာအဖြေမှပြန်မလာ...
"တက်လေ Chaeyoung"
Jennieက Chaeyoungအတွက်ကားတံခါး
ဖွင့်ပေးလိုက်တော့ Chaeyoungလည်း
မသက်မသာဝင်လိုက်ရတယ်။Jennie လည်းအောင်နိုင်သူအပြုံးနဲ့ကားပေါ်တက်ခါနီး
"အာနှုတ်ဆက်ဖို့မေ့တော့မလို့ Unnieသွားတော့မယ်နော်
ဖအေတူမအေကွဲညီမလေးJisoo
ဒီတစ်ပတ်ညစာစားပွဲမှာတွေ့ကျတာပေါ့"ပြောရင်းJennieကားကိုမောင်းထွက်လာခဲ့သည်။
××××
"Unnie Chae ကိုပြောစရာရှိလို့ဆိုတာ.."
"ညကဘာလို့ဖုန်းမကိုင်တာလဲ?"
"ဖုန်း...?"
Jennieပြောမှ Chaeyoungသတိရပြီး
ဖုန်းကိုဖွင့်ကြည့်မိသည်။