Episode 5

769 97 0
                                    

[Unicode]

Chaeyoung စာသင်တာကိုအာရုံမစိုက်နိုင်ပါ။
မတည့်တဲ့ဖအေတူမအေကွဲညီအစ်မ
တစ်ယောက်က အလုပ်ရှင်
တစ်ယောက်မိတ်ဆွေ
Chaeyoungသာသူတို့နှစ်ယောက်လုံးနှင့်
ပတ်သက်မှန်းသာ သူတို့သိလျှင်
Chaeyoungအတွက်လွယ်ကူမည်မဟုတ်ပေ။
Jennie Unnieနဲ့လည်းဘယ်နည်းနဲ့မှ
အဆက်အသွယ်ဖြတ်ဖို့မဖြစ်နိုင်ပါ။
Kim Jisooဆီကအလုပ်ပြောင်းဖို့ကြပြန်တော့
လည်းဒီအလုပ်လောက်သက်သာပြီး
လွယ်ကူသည့်အလုပ်မရှိပေ။

××××

Chaeyoungလည်းအိမ်ပြန်ရောက်တော့
အိမ်သန့်ရှင်းရေးနဲ့ လုံးပမ်းနေပြီး နေ့လည်က
အကြောင်းကို ခဏမေ့သွားသည်။

"ဂျလောက်"

တံခါးသော့ဖွင့်သံကြောင့်Kim Jisooပြန်လာမှန်း
Chaeyoungသိလိုက်သည်။
အမြန်ပင် အိမ်ရှေ့ထွက်လာရင်း

"ပြန်လာပြီလား Jisoo Shi... .."

တကယ်တော့Chaeyoungတွေ့လိုက်ရသူက
Jisooမဟုတ် ခေတ်ဆန်ဆန်ဝတ်စားဆင်ယင်ထားတဲ့
အသက်40အရွယ် အမျိုးသမီးတစ်ယောက်ပင်...

"ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူး"​

Chaeyoungရဲ့ အမေးစကားကိုချက်ခြင်းမဖြေဘဲ
sofaပေါ်တွင်အရင်နေရာယူလိုက်ပြီး
ဝတ်ထားသောsunglassကိုချွတ်လိုက်သည်။

"Kim Jisooရော...."

"Jisoo shiကမနက်ကျောင်းသွားကတည်းက
ပြန်မလာသေးပါဘူး... ဒါနဲ့ဘယ်သူလဲမသိဘူး"
ထိုစဉ်......
ကားတစ်စီးခြံထဲ အရှိန်ပြင်းစွာရပ်လိုက်သံကို
Chaeyoungကြားမိသည်။ ခဏအကြာ
တံခါးဖွင့်ဝင် လာသောJisooကိုတွေ့သည်။

"ခြံတံခါးကဘာလို့ပွင့်နေတာ......"

Jisooစကားမဆုံးခင် အံသြမှင်သက်သွားသည်။

"မတွေ့တာတောင်ကြာပြီဘဲ Jisoo"

"O... Omma..?"

*Jisooရဲ့Omma????*

Chaeyoung ခေါင်းနပမ်းကြီးသွားသည်။
Jisooမျက်နှာကြည့်ရတာ ပျော်ပုံမရ

"လုပ်စရာရှိတာ သွားလုပ်နေပါ...
မခေါ်မချင်း ဧည့်ခန်းထဲမလာပါနဲ့..."

"ဟုတ်ကဲ့ပါ Jisoo shi"​

ပြောပြီးChaeyoung မီးဖိုခန်းထဲသို့ဝင်လာခဲ့သည်။

Jejudo's​ Story Where stories live. Discover now