Episode 4

758 97 0
                                    

                  [Unicode]

"Jennie Unnie!! ...."​

ကျွန်မသူမနာမည်ခေါ်လိုက်တော့
သူမရဲ့ ပါးဖောင်းဖောင်းလေးတွေနဲ့
လှမ်းပြုံးပြတယ်

"မနေ့ကတည်းကလာမလို့ပါဘဲ
ညနက်နေတာနဲ့ နေတဲ့နေရာလည်းမသိတာနဲ့
အခုမှ လာဖြစ်တာ​ sorry"​

"unnieကလည်း ရပါတယ်"

"တစ်နေရာသွားရအောင်လေ"

"ဒါပေမယ့် အတန်းရှိ....."

"ဆရာမတွေကို တို့ပြောပြီးပါပြီ"​

ပြောရင်းဘေးတံခါးကိုသူမဖွင့်ပေးတယ်။
ငြင်းရန်အားနာသောကြောင့်
ပြီးတော့ သူမနဲ့တွေ့ချင်သောကြောင့်
Chaeyoungလက်ခံလိုက်ပါတယ်

"ငါလိုက်သွားလိုက်အုံး
မနက်ဖြန်မှတွေ့ကြတာပေါ့...."​

"အင်း bye"

Wendyတို့ကိုနှုတ်ဆက်ပြီးJennieနဲ့သူလိုက်လာခဲ့တယ်

"Unnie Chaeမေးစရာရှိလို့"

"မေးလေ......"

"ကျောင်းလခကိစ္စက ဘာလို့လဲ"

"ဘာရယ်မဟုတ်ပါဘူးChaeyoung
အတွက်လုပ်ပေးချင်တာမို့လို့ပါ"

"အကယ်၍ Chaeမလာခဲ့ရင်ရော"

"Chaeyoung ကကျိန်းသေလာမယ်ဆိုတာ
သိပြီးသားမို့.……..."

"ကျေးဇူးတင်ပါတယ် Unnie....."

Jennieပြုံးလိုက်မိတယ်။
ကားမောင်းနေပေမယ့် သူရဲ့ အကြည့်တွေကို
Jennieမြင်ပါတယ်။

မကြာခင် ဆိုင်တစ်ဆိုင်ကိုရောက်သွားကြတော့
Chaeyoungတစ်ယောက်ပီတိတွေဖြာလို့

"ဘာတွေ အဲ့လောက်ပျော်နေတာလဲ
Chaeyoungရဲ့"

"Chaeyoungကအစားမြင်ရင်ပျော်နေတာလေ
ဟီး ဟီး....."

"ဒါဆိုရင် ခေါ်လာတာနေရာမှန်သွားပြီထင်တယ်"

Chaeyoungပလုပ်ပလောင်းနဲ့Jennieကိုစပ်ဖြီးဖြီးနဲ့
ရယ်ပြလိုက်တယ်။

"chaeyoungအခုဘယ်မှာနေလဲ"

"ချွန်းဂန်ဒုံ ထဲမှာပါ အလုပ်လုပ်တဲ့အိမ်မှာပဲနေတာ"​

Jejudo's​ Story Where stories live. Discover now