[Unicode]
အစကတည်းကမမေးဘဲနေခဲ့သင့်သည်။
အခုသူ့ကဘာမှဖုံးကွယ်စရာမရှိတော့တော့
အိမ်တောင်ပြန်မလာတော့ဘူး။ဒီတစ်ယောက်ထဲအချိန်အကြာကြီးနေခဲ့ရတဲ့
ခြောက်ကပ်ကပ်
အိမ်ကြီးက Chaeရောက်လာမှ ပျော်ဖို့ကောင်းလာတာ
အခုသူတစ်ရက်လေးမရှိတာ အရာအားလုံးပြန်ခြောက်ကပ်သွားသလိုပဲ။ငါရှုံးသွားပြန်ပြီ Jennie Kim
အရင်ကနင်ကငါ့ဆီကပဲလုယူသွားပေမယ့်
ဒီတစ်ခါတော့ နင့်လုယူစရာမလိုအောင်ကို သူကနင့်ဘက်ကိုရောက်နေခဲ့တာ..... ငါကတာထွက်ကတည်းကရှုံးနေခဲ့တာပဲ.....Jisooရေခဲသေတ္တာထဲကနေ Beerတစ်ဗူးလောက်ထုတ်ကာ
သောက်ရင်း အတွေးထဲလွှင့်မျောဖြစ်ပြန်သည်။"Beerကခါးလိုက်တာ....."
ပုံမှန်ဆို Jisooကအရက်သောက်တတ်သူမဟုတ်။
ဝိုင်တောင်တစ်ခွက်တစ်လေလောက်ပင်မြည်းစမ်းဖူးသူဖြစ်သည်။🌊
Chaeyoungကျောတွေနာလို့ အရင်နိုးလာပြီး
"အား.....ကျောတွေနာလိုက်တာ...."
နာရီကိုကြည့်လိုက်တော့မနက်4နာရီခွဲ
ညကနှစ်ယောက်လုံးsofaပေါ်မှာပဲအိပ်ပျော်သွားပြီး
Jennieကသူမပုခုံးပေါ်မှာမှီလျက်အိပ်နေလေသည်။"ချစ်ဖို့ကောင်းလိုက်တာ Chaeရဲ့ wifeyလေးက...."
Jennieရဲ့နဖူးကိုအသာလေးနမ်းလိုက်ပြီး ဖြေးဖြေးလေးထလာလိုက်တယ်။
-
Jennieလည်းအိပ်ရာကနိုးလာပြီးဘေးကိုစမ်းကြည့်လိုက်တယ်
Chaeyoungမရှိတော့....မျက်လုံးဖွင့်ထထိုင်လိုက်ပြီးရှာကြည့်တော့လည်းမတွေ့....
ထလာကာ မီးဖိုချောင်းထဲဝင်ကြည့်လိုက်တော့
ထမင်းစားစားပွဲပေါ်မှာပြင်ထားတဲ့နံနက်စာနဲ့စာတစ်စောင်....."Unnie, Chae အိမ်ပြန်သွားပြီနော်
Unnieနိုးလာမှပြန်ရင်ထပ်ဆွဲထားအုံးမှာသိလို့
မနိုးခင်ပြန်လိုက်တယ်။ Chaeကသူများအိမ်မှာအလကားနေတာ
မဟုတ်ဘူးလေ။ အလုပ်လုပ်ရင်းနေတာ.... အဲ့တာကြောင့်အိမ်မှာအလုပ်လုပ်ရအုံးမယ်.....
မပြောဘဲပြန်သွားလို့စိတ်မဆိုးနဲ့နော်
သိပ်ချစ်တယ်.....
Unnieရဲ့ Hubby... mwah "