[Unicode]
"လက်... အဆင်ပြေရဲ့လား..."
"အင်း... ရပါတယ်..."
ဖန်ကွဲစတွေစိုက်မိခဲ့သောလက်မှာဘယ်လက်ဖြစ်နေပေ
မယ့်ကံဆိုးစွာChaeyoungသည် ဘယ်သန်ဖြစ်နေခဲ့သည်။Jisooဆေးသေချာထည့်ပြီးပတ်တီးစည်းပေးထားသော်လည်းဖန်ကွဲစစိုက်ခြင်းသည် တော်တော်နက်သောကြောင့်
Chaeyoungလက်ကအတော်ပင်နာနေသည်။အခုချိန်ကလည်း Lectureလိုက်နေရချိန်ဖြစ်နေသောကြောင့်
Chaeyoungတော်တော်ဒုက္ခရောက်နေရသည်။"နင်မရေးနဲ့တော့Chaeyoung.....
မဟုတ်ရင်ငါထသောင်းကျန်းလိုက်ရမလား..... "Jisooလေသံမြင့်လာသောကြောင့် ကျောင်းသူတစ်ချို့ပင်
လှည့်ကြည့်လျက်ရှိသည်။"ရှူး.... တီချယ်ကြားသွားမယ် Soo..."
"အဲ့တာဆိုနင်ဆက်မရေးနဲ့တော့လေ...."
"Soo... နင်ကတကယ်ပဲဟာ....."
Chaeyoungလည်းရေးလက်စဘောပင်ကိုချပြီး
သက်ပြင်းချကာပြတင်းပေါက်ဘက်ကိုငေးလျက်ရှိသည်။ဘာတွေတွေးနေလဲမေးစရာမလိုအောင်
သူမ၏အတွေးတွေကိုနေရာယူထားပြန်တာ Jennie Kimပဲဖြစ်နေတော့သည်။Chaeလေရှင့်ကိုယုံကြည့်ချင်သေးတယ်Janeရယ်
ထိုနေ့ညကသူမူးနေတာကြောင့်မှားတာမျိုးဖြစ်နိုင်သည်
မဟုတ်လားဆိုသောအတွေးမျိုးဖြင့်
Chaeyoungကိုယ့်စိတ်ကိုယ်ဖြေသိမ့်ခဲ့သည်။Jennieကိုသူမ ယုံချင်သေးသည်။
Jennierubyjaneသည်သူမကိုအဲ့လိုလုပ်မည့်
လူစားမဟုတ်ကြောင်းယုံချင်သေးသည်။
ယုံကြည်ဖို့၁ရာခိုင်နှုန်းလောက်လေးပဲကျန်မည်ဆိုရင်တောင် အဲ့၁ရာခိုင်နှုန်းလောက်ကိုသူ့ကိုယုံချင်မိသည်။ သူရှင်းပြလာမယ့်အချိန်ကိုစောင့်နေမိသည်။
🌊
ထမင်းစားချိန်ရောက်တော့
Chaeyoungက လက်ကြောင့်လူရှင်းမှပဲသွားယူမယ်လို့
တွေးကာစောင့်နေတုန်း ထမင်းပန်းကန်နှစ်ခုနဲ့ Jisooရောက်လာခဲ့သည်။