[Unicode]
"Jennie Unnie....
ဘယ်တုန်းကJejuကိုရောက်နေတာလဲ.......""အင်း.... တစ်လလောက်ရှိပြီ... Youngieရော...."
"ကျောင်းပိတ်ထားလို့ခဏပြန်လာတာ....."
"အော်......"
နှစ်ယောက်သားကြားမှာပြောစရာစကားတွေပျောက်သွားပြန်ပြီးငြိမ်သက်သွားပြန်သည်။
"Unnie... ညကျအချိန်ရလား...."
"အင်း...ရပါတယ်....ဘာလို့လဲYoungie"
"ဟိုတစ်ခါပုစွန်ကင်ကျွေးမယ်ပြောခဲ့တာမှတ်မိလား
ဒီတစ်ခါတော့ သေချာကင်ကျွေးချင်လို့....""ကောင်းပြီလေ.... Unnieညကျmotelကိုလာခဲ့မယ်"
Chaeyoungလည်းJennieကိုပြုံးပြပြီး
ထွက်လာခဲ့တယ်။
နှစ်ယောက်ကြားမှာအခြေအနေကသူစိမ်းဆန်သွား
သလိုခံစားနေရတယ်။ အရင်လိုစကားပြောရတာစိတ်ထဲမပေါ့ပါးတော့ဘူး......××××
8:00 PM
Chaeyoung ရှိရာMotelဆီသို့ Jennie
ရောက်လာခဲ့တယ်။တံခါးဝမှာရပ်နေတဲ့Chaeyoungကိုတွေ့တော့သူမ
လှမ်းခေါ်လိုက်တယ်။"Youngie......"
ခေါ်သံကြောင့်Chaeyoungလည်း Jennieရှိရာ
သို့ပြေးလာခဲ့တယ်။"Unnie လာတာအရမ်းနောက်ကျသွားလား...."
"ဟင့်အင်မနောက်ကျပါဘူး...... လာအထဲဝင်ရအောင်..."
ChaeyoungကJennieလက်ကိုဆွဲပြီး
သူမနေတဲ့အခန်းကိုမဟုတ်ဘဲ Motelအနောက်ဘက်က
သစ်တောထဲကိုခေါ်လာခဲ့တယ်။
လျှောက်လာရင်း မီးလင်းနေတဲ့သစ်ပင်အိမ်လေးဆီသို့
ရောက်လာခဲ့ကြတယ်။"ဒါဘယ်နေရာလဲYoungie....."
"Youngieရဲ့လျို့ဝှက်နေရာ....."
ပြောပြီးChaeyoungရှေ့ကနေပြေးတက်သွားတယ်
Jennieလည်းလှေကားကနေလိုက်တက်လာရင်း
အိမ်လေးထဲကိုရောက်လာတယ်။
အိမ်လေးထဲမှာ မွေ့ယာတစ်ခုရယ်စားပွဲလေးရယ်
နံရံမှာ ကစားစရာတစ်ချို့.....
မွေ့ယာဘေးမှာ တံခါးတစ်ခုရှိပြီးဝန်ရံတာသေးသေးလေး
ရှိတယ်.....